Part..4

6.1K 894 36
                                    

"ကင်မ်ထယ်ယောင်း....မင်းဝေစု"

ထောင်မှူးကအကျဉ်းခန်းထဲ မုန်လာဥချဉ်
ဖတ်နဲ့ ထမင်းကြမ်းတစ်ပန်းကန်ပစ်ထည့်ပေးလာ
သည်။ဘာအစာပလသားငါးမှမပါမုန်လာဥချဥ်
ဖတ်ကြီး၊ဒီအပြင်ထမင်းကြမ်းခဲကသံတောင်အလား။ဝမ်းထဲတစ်ကျုတ်ကျုတ်ဆာလောင်
နေပေမဲ့ကင်မ်ထယ်ယောင်းတစ်ယောက်ထမြည်း
ချင်စိတ်တောင်မရှိ။အစာအာဟာရ ရှိတော့လည်း
ဘာအကျိုးထူးမလဲ....သူက​သေလူပဲလေ။တစ်ကိုယ်ကောင်းဆန်ဆန်ဒီခက်ခဲပင်ပန်းတဲ့ဘဝ
ကြီးကနေရုန်းထွက်ချင်နေပြီ။

ထယ်ယောင်းအတွက်.....ချန်အန်းမှာလည်းစိတ်
ဆင်းရဲရသလို၊ဂျီယာကလည်းဒုက္ခတွင်း။နိဗ္ဗာန်
ကတော့သေဆုံးခြင်းအလွန်မှာရှိတယ်။

နောက်ပြီး....မရဏဂိတ်တံခါးဝမှာအရှင်နဲ့တွေ့
ဆုံပြီးတရုတ်ကိုစစ်ရူံးခဲ့တဲ့အကြောင်းသေချာပြန်
လည်ပြောပြချင်ပါသေးတယ်။ဒီအမှန်တရားကိုဘယ်သူမှမယုံပေမဲ့အရှင်ယုံပေးမယ်မလား။

"ခင်ဗျား...ဒီလိုပဲလှဲအိပ်နေတော့မှာလား၊ထမင်းမစားဘာမစားနဲ့၊အငတ်ခံသေမယ်ဆိုလည်းသေ၊
ခင်ဗျားလိုလူမျိုးကအသက်ရှင်လည်းညှင်းပန်းနှိပ်စက်ခံရမဲ့အတူတူသေ သွားတာမှဝ၌ကျွတ်ဦး
မယ်"

လူသေကောင်ကြီးအလားလှဲနေတဲ့ထယ်ယောင်း
ကြောင့်ထောင်မှူးလည်းစိတ်မရှည်။ပါးစပ်ကပွ
စွပွစိပြောဆိုရင်းမနေ့ကထမင်းခွက်အားကောက်
သိမ်းသွားတော့သည်။ထိုမနေ့ညကထမင်းခွက်သည်လည်းကြွက်တွေဝင်သောင်းကျန်းထားလို့
ထင်..မြေခင်းတစ်လျှောက်ပွစာကျဲနေတာပဲ။

ထယ်ယောင်းအတွက်ကုသိုလ်ကောင်းမူ့အနေနဲ့မသေခင်ထောင်ထဲက ကြွက်တွေအားထမင်းဝ ဝကြွေးနိုင်ခြင်းပင်။ထောင်ထဲမှာသူရှိနေစဉ်ကာလတစ်လျှောက်လုံးထိုမြေကြွက်တွေအတွက်အစာရေစာသိပ်ပင်ပင်ပန်းပန်းရှာစရာမလို၊အလူူ ကြီးပေးနေသည့်အလားသူ့ထမင်းခွက်ထဲဝင်စားရုံသာ။

ထယ်ယောင်းမှာကောက်ရိုးပေါ်ထက်ခွေခေါက်ရင်းထိုကောင်းမူ့ကုသိုလ်ကိုသာအာရုံပြုနေလိုက်တော့တယ်။မိူနံသင်းသင်းအောက်သိုးသိုးအနံတွေနဲ့လှောင်နေတဲ့ထောင်ထဲမှာစုတ်ပြတ်သတ်နေတဲ့အဝတ်အစားတွေအပြင်တစ်ကိုယ်လုံးဒဏ်ရာဗလပွနှင့်လူမှာဆာလောင်မွတ်သိပ်မူ့ကိုခံယူရင်းငြိမ်သက်စွာပင်လူသေကောင်အလားကွေးနေတော့သည်။ခန္ဓာကိုယ်သေးသေးလေးမှာပိန်ပါးချိနဲ့ပြီးဖြူဖတ်ဖြူရော်အသားအရေနှင့်ထိုလူကမကြာခင်မရဏတိုင်းပြည်ကိုသွားမည့်သူပမအရောင်မှိန်ကာဖျော့တော့လွန်းနေခဲ့သည်။

Legend Of Male Empress(Completed) Where stories live. Discover now