Part.10

5.6K 708 24
                                    

တစ်ညလုံးနှစ်နှစ်ခြိုက်ခြိုက်အိပ်စက်လိုက်ရသည့်
ဧကရာဇ်ငယ်မှာမနက်မိုးလင်းအနည်းငယ်စိတ်
ကြည်နေ၏။လူတစ်ယောက်ကိုရင်ခွင်ထဲထည့်အိပ်
ရတဲ့ခံစားချက်ကသိပ်ကောင်းတာပဲ။ကင်မ်ထယ်ယောင်းကိုယ်လုံးလေးကတစ်ကယ့်ကိုနွေးနွေးလေးရယ်။ဒါတောင်ပိန်နေသေးလို့။မရဘူး...ဒီထက်ပိုပြီးအစားအများများကျွေးမှဖက်လို့ကောင်းမှာ။ဂျောင်ကုအိပ်ပျော်နေသောထယ်ယောင်း၏နားထင်စလေးကိုခပ်ဖွဖွနမ်းကာကုတင်ပေါ်ကဆင်းလာခဲ့သည်။

ခန်းဆောင်ထဲက ချိုးချိုးချွတ်ချွတ်အသံကြားသည်နှင့်မိန်းမဆိုးလီမှာအမူ့ထမ်းအပျိိုတော်များကိုခေါ်ယူပြီးမင်းကြီးမျက်နှာသစ်ကိုယ်လက်
သန့်စင်ဆေးကြောဖို့ရေဇလားကိုအသင့်ပြင်စေသည်။ဧကရာဇ်ငယ်ဂျောင်ကုလည်းမိန်းမဆိုးလီပြင်ဆင်ပေးသောရေ၊အမွှေးနံသာဆီများဖြင့်မျက်နှာသစ်ကိုယ်လက်သန့်စင်ပြီးသောအခါ၊လေးမြှားကိုဆွဲယူပြီးအဆောင်တော်တွင်းတွင်သာမြှားပစ်လေ့ကျင့်၏။

ပုံမှန်ဆိုအရှေ့ဘက်မြှားပစ်ကွင်းကိုသွားမည်ဖြစ်
သော်လည်းယနေ့အတွက်မူခန်းဆောင်ထဲကနေ
ကတစ်လှမ်းလှမ်းဖို့တောင်အရမ်း
ပျင်းနေ၏။မနက်ခင်းနေရောင်ခြည်နုနုနဲ့အတူတက်ကြွလန်းဆန်းနေသောဧကရာဇ်ငယ်ကိုမြင်
ရသည်မှာအင်မတန်ကိုမှစိတ်ချမ်းသာဖွယ်။
ရေကဲ့သို့ကြည်လင်တဲ့စိတ်အစဥ်ရှိတဲ့ဧကရာဇ်မှာ
ညီလာခံတွင်လည်းကိစ္စတိုင်းကိုအမှားအမှန်ဝေခွဲ
ကာကောင်းကောင်းမွန်မွန်ဖြေရှင်းနိုင်ပါလိမ့်မည်။
ဂျီယောနိုင်ငံကြီးတိုးတက်စည်ပင်ဖို့အတွက်ဧကရာဇ်ငယ်၏အခန်းကဏ္ဍမှာအလွန်အရေးပါပြီး
ဆုံးဖြတ်ချက်နည်းနည်းလေးတောင်အမှားအယွင်း
အတိမ်းအစောင်းခံလို့မရ။သို့အတွက်ဧကရာဇ်၏
နဂါးကိုယ်တော်မှာလုံလုံလောက်လောက်အနားယူ
ဖို့လိုအပ်တယ်။ဧကရာဇ်စိတ်ကျေနပ်လောက်
ထိစွမ်းဆောင်နိုင်တဲ့မိဖုရား၊ကိုယ်လုပ်တော်အမျိုး
သမီးရှားပါလှတယ်။မိန်းမဆိုးလီမှာစပ်မိစပ်ရာ
အတွေးများနေသော်လည်းဧကရာဇ်ကမူပစ်ကွင်း
၏ဗဟိုချက်မဆီမြှားတွေတစ်ချောင်းပြီးတစ်ချောင်းပစ်သွင်းလို့။

Legend Of Male Empress(Completed) Where stories live. Discover now