Part.12

5.1K 713 39
                                    

မနက်နေရောင်ပျို့သည်နှင့်ကြင်ယာတော်မိဖုရား
ကင်မ်နာနာမှရေမိုးချိုးအလှပြင်ဆင်ပြီးဧကရာဇ်
စံမြန်းရာဝူရွှယ်နန်းဆောင်သို့ထွက်လာခဲ့သည်။
သူမနောက်နားမှာတော့ အပါးတော်မြဲ ဟုန်လေး
ကစွတ်ပြုတ်အိုးလေးကိုင်ကာလိုက်လာခဲ့သည်။
မင်းကြီးသူမဆီအဆောင်တော်မကူးခဲ့သည်ကား
ကြာခဲ့ပြီ။အနောက်ဆောင်ကမိန်းမငယ်လေးတွေ
မှာဇိမ်ရှိရှိစားလိုက်သောက်လိုက်၊ပန်းထိုးလိုက်
အတင်းတုပ်လိုက်နှင့်အပျင်းတစ်နေရော။ညနေ
များရောက်ရင် သူသူငါငါ နတ်မိမယ်ရူံးအောင်အလှပြင်ထားသည်တိုင်မင်းကြီးကဝူရွှယ်နန်းဆောင်ကနေတစ်လက်မတောင်ကြွမလာ။

အဲ့တော့လည်းတွေ့ချင်သည့်လူတွေကသာအကြောင်းအမျိုးမျိုးပြပြီး အရှင်မင်းကြီးကိုသွား
ရှာရစမြဲ။ထို့ကြောင့်ကင်မ်နာနာသည်မနက်မိုးလင်း
သူမကိုယ်တိုင်..ကိုယ်ပိုင်နန်းဆောင်ထဲရှိစားဖို
ဆောင်ထဲသို့ဝင်ကာချက်ပြုတ်ခဲ့သည်။

ဝူရှယ်နန်းဆောင်တို့ရောက်သည်နှင့်တံခါးစောင့်
အမူ့တော်ထမ်းတို့မှာတားမြစ်လာတော့သည်။

"ခွင့်ပြုချက်မရဘဲဝင်လို့မရပါဘူး"

"ဖယ်စမ်း..မိဖုရားကိုတားရဲသလား"

ကြင်ယာတော်ကင်မ်နာနာ့အနောက်က လိုက်လာသောအထိန်းတော်ဟုန်လေး က ဝင်ပြောလာတယ်။ကြင်ယာတော်နာနာ့ကနယ်နယ်ရရမဟုတ်။မြောက်ပိုင်းပြည်နယ်ရဲ့မင်းသမီးတစ်ပါးဖြစ်သလိုမယ်တော်ကြီးကိုယ်တိုင်သူမကိုဧကရာဇ်ငယ်နဲ့လ
က်ထပ်ထိမ်းမြားပေးဖို့လိုလိုလားလားတောင်းခံခဲ့သည်။ဘုရင်ငယ်လေးဂျွန်ဂျောင်ကု သည်လည်းလက်ထပ်ပွဲအတွက်အားတက်သရောရှိခဲ့ပြီးမောင်းမဆောင်ကြီးထဲတွင်သူမကိုအချစ်ဆုံးအလေးပေးဆုံးဆိုရင်လည်းမမှား။အခုတလော
ဧကရာဇ်မှာသူမဆီမလာတာကြာပြီဖြစ်၍ သူမကိုယ်တိုင်အရှင်မင်းကြီး လာရှာခဲ့ခြင်းပင်။




"ဖယ်..ဆို အခုဖယ် ပြသနာမတက်ချင်ရင် ခေါင်းရှောင်နေတာအကောင်းဆုံးပဲ"


အမူ့ထမ်းတို့သည်​မိဖုရားရဲ့အာဏာစက်ကိုမလွန်ဆန်သည်မို့ခွင်ပြုပေးလိုက်ရသည်။ဧကရာဇ်အဆောင်တော်အတွင်းခပ်သင်းသင်းဂန္ဓာပန်းမွှေးရနံလေးလွင့်ပျံနေပြီးနေရောင်နွေးနွေးကအခန်းအတွင်းဖြန့်ကျက်နေသည်ကရွှေမှုန်တွေအလား။
ကင်မ်နာနာ့မှာအငွေ့တစ်ထောင်းထောင်းထနေတဲ့
စွပ်ပြုတ်အိုးကိုချလိုက်ပြီးအိပ်ယာဘက်ကန့်လန့်
ကာအဖြူကိုဆွဲလှပ်လိုက်သည်။ထင်မှတ်မထား
စွာပင်...အရှင်းမင်းမြတ်၏သလွန်တော်ထက်ကျုံ
ကျုံလေးအိပ်နေသည်မှာမိန်းမတစ်ယောက်မဟုတ်
ဘဲယောကျာ်းတစ်ယောက်ဖြစ်နေသည်သာ။

Legend Of Male Empress(Completed) Where stories live. Discover now