Part.13

5.2K 724 34
                                    

နောက်တစ်နေ့ဂျီယောနန်းတွင်းတွင်ကြင်ယာတော်မိဖုရားကင်မ်နာနာတစ်ယောက်အအေးနန်းဆောင်
ပို့ကာအပြစ်ပေးခံရသည်ဆိုသည့်သတင်းစကား
မှာတမဟုတ်ခြင်းပျံသွားတော့သည်။ကြားသိရ
သလောက်တော့....ကင်မ်နာနာ့ကဧကရာဇ်ငယ်
လေး၏ဒေါသကိုသွားစွမိတဲ့ပုံပဲ။နေ့စဥ်ရက်ဆက်
အဆောင်တော်ရှေ့လူးလားခေါက်ပြန် လူလုံးပြ
နေသောကြင်ယာတော်တစ်ချို့သည်လည်းထိုသတင်းကြောင့်ခြေငြိမ်ကျသွားပြီးဘာစွပ်ပြုတ်ဟင်းလျှာမှာလာမပိုတော့။အရှင်မင်းကြီးစိတ်မကြည်ရင်...နောက်တစ်ခါခေါင်းပြတ်သွားမဲ့သူကသူမတို့ပင်ဖြစ်ပါလိမ့်မည်။ဒီလိုနဲ့အနောက်နန်းဆောင်း၏မင်းကြီးအပေါ်ပုန်ကန်ထကြွမူ့သည်အနည်းငယ်ငြိမ်သက်..သွားရတော့သည်။အဆောင်အတွင်းတိုင်းပြည်သစ္စာဖောက်ကင်မ်ထယ်ယောင်းကိုကောင်းကောင်းမွန်မွန်ကျွေးမွေးပြုစုထားခြင်းအပေါ်မကျေနပ်ကျသော်လည်းဘယ်သူမှအထွန့်မတက်ရဲ။

ညီလာခံကအစဥ်အလာအတိုင်းမနက်မိုးလင်းတွင်ကျင်းပမြဲ ဖြစ်ပြီးတိုင်းရေးပြည်ရေး၊စစ်ရေးစစ်
ရာအဖြာဖြာကိုသူပြိုင်ငါပြိုင်ဆွေးနွေးတင်ပြ
သည်။အရှင်မင်းကြီးကလည်းပြသနာအရေးကိစ္စတိုင်းအတွက်လိုက်လျှောညီထွေဆုံးဖြတ်ချက်တိုင်းကိုလျှင်မြန်စွာချပေးတတ်သည်။သို့သော်....ချင်တိုင်းပြည်ကသုံပန်းတွေအကြောင်း
ကိုတော့ဘယ်သူမှစကားမစရဲကြ။ဧကရာဇ်က
သစ္စာဖောက်ကင်မ်ထယ်ယောင်းအပေါ်အင်မတန်
မှအထူးအခွင့်အရေးပေးထားသည်မို့မူးမတ်ဝန်ကြီးမျာစိတ်တွင်မကျေနပ်မူ့ကလိပ်ခဲသည်းလည်း။ဒီလောက် အပြစ်တွေလယ်ပြင်မှာဆင်
သွားသလိုပေါ်လွင်နေပြီပဲဟာ၊တစ်ခါတည်းခေါင်း ဖြတ်သတ်ပစ်လိုက်​...အေးရော။ဇာတ်မရှည်ရှည်အောင်တရားရေးရုံးခွင်အထိအမူ့တစ်ဖန်
ပြန်စစ်စရာမှမလိုတာ။

ညီလာခံသဘင်ပြီးသည်နှင့်ဧကရာဇ်သည်ဝူရွယ်နန်းဆောင်သို့ပြန်ကြွလာခဲ့သည်။မယ်တော်ကြီးက
ခဏခဏလူလွှတ်ပြီးသူမအားလာတွေ့ရန်ဆင့်ခေါ်
သော်လည်းဂျောင်ကုကမူလစ်လျူရူထားမြဲ။
နန်းဆောင်တံခါးဖွင့်ဖွင့်ချင်းမှာပင် စာအုပ်တစ်အုပ်ကိုစိတ်ဝင်တစ်စားဖတ်နေတဲ့ထယ်ယောင်းကို
တွေ့မိလိုက်တော့နှုတ်ခမ်းတွေကပြုံးလုလု။

Legend Of Male Empress(Completed) Where stories live. Discover now