Part.18

4.6K 663 27
                                    

အရှင့်သားကဒီလိုနဲ့စစ်သူကြီးနန်းဆောင်တွင်သောင်တင်နေခဲ့သည်မှာတစ်ပတ်ကျော်ရောပေါ့။
ကလေးဖြစ်သော်ငြားလူကြီးသိပ်ဆန်နေချင်နေ
သောအရှင့်သားကြောင့်ဘာမှထူးထူးထွေထွေဝန်ထုပ်ဝန်ပိုးမဖြစ်။ထယ်ယောင်းကိုအတင်းကပ်
တွယ်နေတာကလွဲကျန်တာအားလုံးအဆင်ပြေပါတယ်။အရှင့်သား၏ဝေယျာဝစ္စမျက်နှာသစ်၊ရေချိုးတာကအစထမင်းစားသည်အဆုံးထယ်ယောင်းလက်ခြေနဲ့မလွတ်။ကြာတော့..
ကိုယ့်ကိုကိုယ်ကလေးအမေကြီးလို့တောင်ထင်မှတ်
မှားမိသည်အထိ။
အရှင့်သားဂျွန်ဂျောင်ကု ကအခြားကလေးငယ်တွေ
လိုပြေးလွှားခုန်ပေါက်ဆော့ကစားခြင်းမရှိ။အရိပ်ရသောအပင်တစ်ပင်အောက်တွင်ထိုင်ရင်း
စာအုပ်တစ်အုပ်ဖတ်ကာအချိန်ပေါင်းများစွာကုန်
လွန်လေ့ရှိသည်။တစ်ခါတစ်လေကျတော့လည်း
အေးချမ်းလွန်းတဲ့သစ်ရိပ်ဝါးရိပ်၊အရိပ်အာဝါသ
အောက်မှ ကလေးငယ်သည်ပင်စည်ကြီးအား
မှီကာစာအုပ်တစ်အုပ်ပိုက်ရင်းအိပ်ပျော်နေတတ်
သည်။ဒီလိုအချိန်မျိုးဆို ကလေးပီပီမနေတဲ့ကိုယ်
တတ်ပလေးရဲ့ဖင်လုံးလုံးလေးကိုအသားကုန်
ဆော်ပလော်တီးချင်တော့တာပဲ။

နေ့မွန်းတည့်ချိန်ပူပြင်းသောနေရောင်အောက်ကလေးငယ်အားပွေ့ချီကာသွားသောလုလင်ပျို
သည်နွေးထွေးအေးချမ်းရိပ်အသွင်ကိုဆောင်သည်။ခါးကိုမတ်ကာနေရောင်ကိုကျော
ပေးထားသည်ကြောင့်ကလေးငယ်သည်သူ့အရိပ်
အာဝါသတွင်အေးချမ်းကာအိပ်မောကျလျှက်
ရှိ၏။

နွေးထွေးသောအပြုံးတွင်ဘာအတ္တမြူမူန်မှကပ်
ငြိတွယ်ခြင်းမရှိ။ရင်၌ပျိုးသောပန်းကို တယုတယ
စိုက်ပျိုးရင်းသူဟာအသက်ရှည်ရှည်ကျန်းကျန်းမာ
မာနေချင်တဲ့ဆန္ဒလေးတစ်ခုသာရှိခဲ့ပါသည်။

စာပေလေ့လာလိုက်စားတဲ့အရှင့်သားအတွက်
မြောက်များစွာသောအဖိုးတန်ကျမ်းဂန်စာပေများ
ကိုရှာဖွေပေးဖတ်ခဲ့သည်။သူကိုယ်တိုင်ကလည်း
​ဂျောင်ကုမသိတာတွေပြန်လည်ရှင်းပြဖို့အတွက်
စာတွေအများကြီးပြန်ဖတ်ခဲ့ရသလို၊နန်းတော်
စာကြည့်တိုက်ထဲတွင်လည်း များစွာသောစာအုပ်စာတမ်းများကိုအချိန်ပေးခေါင်းစိုက်ကာရှာဖွေခဲ့ရသည်။

Legend Of Male Empress(Completed) Where stories live. Discover now