Part.11

5.4K 717 18
                                    


ဂျီယော၏ဆေးကုသရာနန်းဆောင်တွင်အင်မတန်၊
အင်မတန်မှအလုပ်များလျှက်။ဝါးတန်းတွေအပေါ်
အစီအရီတင်ကာအခြောက်ခံလှန်ထားတဲ့ဆေးရွက်
စကာကြီးများသည်တစ်ခုပြီးတစ်ခုဆွဲထုတ်ယူသွားခြင်းကိုခံလိုက်ရပြီးသစ်ဥ ၊သစ်ဖုများနဲ့
ရောကာကျိတ်ချေလျှက်ဆေးအဖြစ်ပုံဖော်ခြင်းကို
ခံလိုက်ရတော့သည်။

ယောန်ဂျွန် ...သမားတော်ဆေးကုဆောင်ဝင်ဝင်းချင်း၊ထိုပြင်းရှသောရနံများကြောင့်ခေါင်းတောင်ကိုက်ချင်ချင်ရယ်။ဂျီယောသမားတော်နန်းဆောင်မှာဧကရာဇ်ငယ်နန်းတက်ပြီးနောက်ထင်ရှားစွာပင်
ခပ်မြန်မြန်တိုးတက်လာခဲ့သည်။ သင်ကြားပို့ချမူ့၊
လက်တွေ့ဆေးဖော်စပ်ခြင်းတွေအပါအဝင်နယ်လှည့်ဆေးကုသခြင်းတွေအထိပါရှိလာခဲ့သည်။အဲ့
လိုအချိန်မျိုးဆို.....ချွဲဆူဘင်းကိုသူစိတ်မချပါလေ။မတော်လို့... တောသူချောချောလှလှ၊အလိမ္မာအိမ်ပါလေးနဲ့တွေ့ပြီးအိမ်ထောင်ကျသွား
မှဖြင့်။

ယောန်ဂျွန်မှာအတွေးစကိုဖြတ်တောက်ကာနန်းတွင်းသမားတော်ဆောင်ထဲသို့ခပ်မြန်မြန်ပင်ဝင်
သွားတော့သည်။ချွဲဆူဘင်းကမူ သူလာတာကို
သတိထားပုံမရ၊ကျိတ်ဆုံကြီးတွေနဲ့ဆေးကျိတ်ချေ
နေတဲ့အမူထမ်းတွေနားမတ်မတ်ကြီးရပ်ကာလက်ညိူးတစ်ထိုးထိုး၊ဘာတွေညွှန်ကြားစီမံနေလဲမသိ။
နန်းတွင်းစာကြည့်ဆောင်ထိန်းသိမ်းရေးငှာနက
ချွဲယောန်ဂျွန်တစ်ယောက်အကြောင်းမရှိအကြောင်းရှာသမားတော်ဌာနသို့လာနေကျမို့အမူထမ်းတွေမြင်သော်ငြားဘာမှမပြောတော့။ စာကြည့်တိုက်မှုးလေးက သမားတော်ဆူဘင်းကိုကျိတ်သဘောကျသည်မှာသိသာလွန်းလှတယ်မဟုတ်လား။

"ဆူဘင်းနီး..."

အသံတိုးတိုးဖွဖွလေးအပြင်အနောက်ကသိုင်းဖက်
လာတဲ့လက်တစ်စုံကြောင့်ဆူဘင်းပြုံးမိပါသည်။
ခပ်နောက်နောက်ခေါင်းကအစ်ကိုရဲ့ဆူဘင်းနီးဆို
တဲ့အသံကြားမှာပြန်လည်သက်သာလာသလို။

"ညတောင်တော်တော်မိုးချုပ်နေပြီ၊အခုထိအလုပ်
မပြီးသေးဘူးလား"

ဆေးရွက်ထုထောင်းသံတွေဆူညံနေပြီးအငွေ့တစ်
ထောင်းထောင်းထနေတဲ့ဆေးကျိုအိုးအမြောက်အများကိုကြည့်ကာယောန်ဂျွန်စိတ်ရူပ်မိသည်။
သမားတော်တွေကိုတစ်ဖက်သတ်ကြိုက်ရတာမလွယ်လိုက်တာ။ကိုယ့်အတွက်အချိန်ပိုမရှိတဲ့အပြင်ဒီလိုဆေးနံတွေပါဖောဖောသီသီရူရသေး။
ဧကရာဇ်ငယ်ဂျောင်ကုအပေါ်ကိုလည်းလုံးဝကြည့်
မရ။ဘယ်နှယ့်သူ့အချစ်ဆုံး လူနှစ်ယောက်ကို
အမြဲတမ်းဒုက္ခတွေလိုက်ပေးနေတာ။

Legend Of Male Empress(Completed) Nơi câu chuyện tồn tại. Hãy khám phá bây giờ