Part.14

5.2K 714 45
                                    

အရင်ဧကရာဇ်၏ သင်္ချိုင်းမြေပုံထက်ထယ်ယောင်းမျက်ရည်အကြိမ်ကြိမ်ခကြွေခဲ့တယ်။
အရှင်နဲ့သူကြားကသံယောဇဥ်သည်လေးနက်ကာ
နက်ရိူင်းလွန်းလှသည်။ နှလုံးသားထဲကပုန်းကွယ်
နေသောအချစ်သည်လည်းဘယ်တော့မှလူကွယ်ရာတွင်ဟန်ဆောင်ထိန်းချုပ်နိုင်ခြင်းမရှိခဲ့။
ကင်မ်အိမ်တော်ကကြီးပျင်းလာတဲ့အမျိုးသားကောင်းလေးမှာအသက်ဆယ့်နှစ်နှစ်အရွယ်တွင်
စစ်ရေးလေ့ကျင့်ကွင်းကိုရောက်ရှိခဲ့ရသည်။အဲ့တုန်းကထယ်ယောင်း၏ဖခင်မှာလည်းတပ်မ
တော်ထဲတွင်ဒုဗျူဟာမူးတာဝန်နဲ့ထမ်းဆောင်လျှက်ရှိပြီးထယ်ယောင်းလိုကလေးကိုဘယ်သူမှသိပ်
ပြီးအဖတ်မလုပ်ကျ။ထိုစဥ်ကအသက်မတိမ်းမ
ယိမ်း အိမ်ရှေ့စံအရှင်တစ်ယောက်ထဲသာလျှင်
ထယ်ယောင်းကိုဂရုစိုက်ပေးခဲ့သည်။ ထိုသို့ဂရုစိုက်
ပေးရုံသာမကအိမ်ရှေ့စံဂျုံးကုမှာသူ့ကိုနန်းတွင်း
ဌာနတွင်အဖော်အဖြစ်ပညာသင်ကြားပေးစေခဲ့သည်။ကင်မ်ထယ်ယောင်း၏ငယ်ဘဝသည်အိမ်ရှေ့စံဂျွန်ဂျုံးကုတစ်ယောက်ထဲနဲ့သာပြည့်နှက်နေ
ပြီးနွေဦးရာသီလေးလိုနေ့ရက်တိုင်ကသာယာ
ချိုမြိန်ဖို့ကောင်းလှသည်။ထယ်ယောင်းဥာဏ်ကောင်းမူ့ကြောင့်အသက်ဆယ့်ငါးနှစ်တွင် စစ်တပ်အ
တွင်းဝင်ဆံနေဖြစ်ပြီးပညာရေးတွင်လည်းနန်းတော်ကပြုလုပ်သမျှစာပေအဆင့်ဆင့်ကိုအောင်မြင်ကာအဆင့်တစ် စာသင်သားပညာရှင်လေးဖြစ်နေလေပြီ။အိမ်ရှေ့စံဂျုံးကုကမူပညာရေးထက်တိုက်ခိုက်ရေးကိုသာဦးစားပေးခဲ့ပြီးအသက်နှစ်ဆယ်အရွယ်တွင် အရှေ့အရပ်တွင်ဓားတစ်လူလူလွင့်ကာသောင်းကျန်းနေသောဓားပြတွေအားလုံးကိုသုတ်သင်ရှင်းလင်းကာအစွမ်းအစကောင်းကိုပြသနိုင်ခဲ့သည်။ဧကရာဇ်သည်လည်းအိမ်ရှေ့စံ၏လုံလထုတ်မူ့ကိုနှစ်ထောင်းအားရကျေနပ်ခဲ့သည်။ထိုအချိန်ထိကင်မ်ထယ်ယောင်းနှင့်အိမ်ရှေ့စံဂျွန်ဂျုံးကုမှာတပူးတွဲတွဲသွားသွားလာလာရှိနေတုန်းပင်။နောက်ပိုင်းဧကရာဇ်သည်လည်းမကျန်းမမာဖြစ်လာသောအခါအိမ်ရှေ့စံအပေါ်တိုင်းပြည်တာဝန်တွေတစ်ရိရိနဲ့ပိကျလာခဲ့ပြီးအမြန်အဆန်ပင်ဧကရာဇ်တာဝန်လွှဲပြောင်းယူခဲ့ရသည်။

အသက်နှစ်ဆယ့်ငါးတွင်ဧကရာဇ်အဖြစ်လွှဲပြောင်းယူပြီးနောက်ထယ်ယောင်းကိုလည်းဒုစစ်သူကြီးအဖြစ်လွှဲပြောင်းတာဝန်ယူစေခဲ့သည်။ဧကရာဇ်ဖြစ်ပြီးတဲ့နောက်ပိုင်းထယ်ယောင်းနဲ့အရှင်ဂျုံးကုကြားများစွာသောစည်းတွေခြားနားခြင်းခံလိုက်ရပြီးဆက်ဆံရေးသည်လည်းပြတ်တောင်းပြတ်တောင်း။ထိုသို့သောအချိန်ထယ်ယောင်းနားလည်လက်ခံလိုက်ရသည့်
ခံစားချက်က...သူဧကရာဇ်အရှင်ဂျွန်ဂျုံးကုအား
သဘောကျနေတယ်ဆိုတာပါပဲ။သို့သော်...သူဟာ
ယောကျာ်းတစ်ယောက်ပေမို့ခံစားချက်တစ်ချို့ကို
ထိန်းချုပ်မျိုသိပ်နိုင်ခဲ့တယ်။အရှင်ဂျွန်ဂျုံးကုက
နန်းတက်ပြီးတစ်နှစ်ကြာ​ဗြောင်ဆိုဟီးဆိုတဲ့မိန်းမ
ချောတစ်ယောက်ကိုလက်ထပ်ထိမ်းမြားခဲ့၏။

Legend Of Male Empress(Completed) Место, где живут истории. Откройте их для себя