Final

9K 856 56
                                    

ဧကရာဇ်ငယ်လေးမှာတစ်ညလုံးအိပ်မပျော်ခဲ့။
ညည့်နက်နက်မှလီဆုန်ယွမ်ထောင်ထဲအရောက်
သတ်ဖြတ်လုပ်ကြံသူကိုဖမ်းမိထားတယ်ဆိုသော
ကြောင့်အမြန်သွားပြေးစစ်မေးရသေးသည်။ထင်
ထားတဲ့အတိုင်းပင်...စစ်သူကြီးးဂျူဖြစ်သောကြောင့်ဂျောင်ကုဘာမှမပြောလိုတော့။ဖခမည်းတော်သာသိရင်ဘယ်လောက်စိတ်မကောင်းဖြစ်မလဲ။
ယုံကြည်ကိုးစားပြီးချီးမြှောက်ခဲ့တဲလူတွေက..
ထိုသို့သောအလုပ်ကိုလုပ်ရက်လေခြင်းဆိုပြီး
ရင်ထုမနာဖြစ်ဦးမှာ။

စစ်သူကြီးဂျူကအစဦးပိုင်းတော့သူ့လုပ်ရပ်အတွက်ငြင်းချက်ထုတ်သေးသည်။နောက်ပိုင်း
လီဆုန်ယွမ်ဆီကဖြောင့်ချက်အားလုံးရပြီးသား
လို့ပြောမှမငြ င်းနိုင်ရှာတော့။အားလုံး
ကိုအမှန်တိုင်းဝန်ခံလာ၏။ကင်မ်ထယ်ယောင်းကိုမိမိရာထူးတည်မြဲရေးအတွက်မနာလို
လို့လုပ်ကြံကြောင်းနှင့်ထိုလုပ်ကြံမူ့တွင်မယ်တော်
ကြီးကင်မ်ဆိုဟီးပါပါဝင်ကြောင်းလက်ထောက်ချ
လာတော့သည်။

ဘုရင်ငယ်လေးကမူအရာအားလုံးသိနှင့်ပြီးမို့ဘာ
မှမ​ပြောလိုတော့။တစ်ညတည်းမှာပင်သစ္စာဖောက်
ကလူကောင်းပြန်ဖြစ်ကာ၊လူကောင်းတွေကသစ္စာ
ဖောက်အဖြစ်ပြန်လည်ရောက်ရှိသွားပြီ။မျက်နှာဖုံး
တွေရဲ့ပင်ကိုယ်ဗီဇရုပ်သွင်ကသိပ်ကိုကြောက်ဖို့
ကောင်းတာပဲ။ဂျောင်ကုလည်းသက်ပြင်းမော
ကြီးသာချရင်းအချုပ်ခန်းထဲကနေထွက်လာခဲ့လိုက်သည်။

အခုတစ်ညလုံးကောင်းကောင်းတစ်မှေးမှမမှေးရသေး။မနက်ဖြန်အဆုံးအဖြတ်သည်ရင်လေးဖို့
ကောင်းလွန်သောကြောင့်အတတ်နိုင်ဆုံးစိတ်ကို
ပြင်ဆင်ထားကာမှတော်ရာကျမည်။ပင်မနန်း
ဆောင်းထဲ ပြန်ရောက်လာသောအခါ...ကင်မ်ထယ်
ယောင်းက ကုတင်ပေါ်ငုတ်တုပ်။ဂျောင်ကုလည်း
မအိပ်ရသေးသလိုထယ်ယောင်းကလည်းမအိပ်။
နှစ်ယောက်အတူတူအေးတူပူမျှအ​ခြေအနေတစ်
ခုကိုရင်ဆိုင်နေသည်မှာအိမ်ထောင်သည်တွေသဖွယ်။

ဂျောင်ကုစိတ်ထဲတွေးကာအနည်းငယ်ပီတိဖြစ်ရသေး၏။

"လာ... ယောင်းပေါင်ပေါ်တစ်ရေးလာမှေးး၊အရှင်
မင်းကြီးကျန်းမာရေးကအရေးကြီးတယ်"

You've reached the end of published parts.

⏰ Last updated: Apr 26, 2023 ⏰

Add this story to your Library to get notified about new parts!

Legend Of Male Empress(Completed) Where stories live. Discover now