Part.25

5.4K 691 43
                                    

ထယ်ယောင်းနေပြန်ကောင်းပြီးသတိလည်လာချင်းချင်ရှန်းဝေ့နဲ့ကျန်းရှောက်ဟူတို့မှာဝူရွှယ်ခန်းမဆောင်သို့လာရောက်တွေ့ဆုံတော့သည်။ဂျီယော
ဘက်ကဒီထက်ပိုပြီးဧည့်ဝတ်ကျေပွန်ရမည်မှန်
သော်လည်းချင်ရှန်းဝေ့အပေါ်အမြင်မကြည်သည်
ကြောင့်ဧကရာဇ်ငယ်ကဖက်လဲတစ်ကင်းမရှိလှ။
ချင်ရှန်းဝေ့ကလည်းသူ့ကိုဂျီယောကလူတွေအဖတ်
လုပ်မလုပ်ကိုစိတ်မဝင်စား။အေးအေးဆေးဆေး
စားလိုက်သောက်လိုက်ဖြင့်ထယ်ယောင်းနေကောင်းလာမည့်အချိန်ကိုသာဇွဲရှိရှိစောင်နေရုံသာ။

မင်္ဂလာသတင်းအနေဖြင့်ဒီနေ့မနက်စောစီးစွာပင်
အမူ့ထမ်းလေးတစ်ယောက်က ကင်မ်ထယ်ယောင်း
နေကောင်းလာပြီဖြစ်ကြောင်းသတင်းပို့လာသည်။
ဒါ့ကြောင့်..ကင်မ်ထယ်ယောင်းနဲ့တွေဆုံလိုကြောင်း
ဂျီယောဧကရာဇ်အားလျှောက်ထားပြီးနောက်ဝူ
ရွယ်နန်းဆောင်သို့သာထွက်လာခဲ့လိုက်သည်။

မမြင်တာကြာပြီဖြစ်သည့်မျက်နှာလှလှလေးကို
တွေ့ဖို့ရင်ခုန်မိသော်လည်းအဆောင်တော်ထဲ
ဝင်သည်နှင့်အမောစို့ဖွယ်မြင်ကွင်းကစီးကြိုတော့
သည်။

ဂျီယောဧကရာဇ်သည်ကင်မ်ထယ်ယောင်းနဲ့အတူ
ရှိနေပြီးချင်ရှန်းဝေ့ဝင်လာသည်ကိုတွေ့သည်
နှင့်ပခုံးလေးအားခပ်ဖွဖွလှမ်းဖက်သည်။မျက်ခုံး
တစ်ချိုးလိုက်ပုံက...*တွေ့လား...ငါ့အပိုင်ဆိုတဲ့သဘော*

နောက်ဆုတ်ပြီးသားချင်ရှန်းဝေ့နှလုံးသားသည်
ပြန်လည်နာကျင်သွာပြီးလက်သီးကိုခပ်ကျစ်ကျစ်
ဆုပ်မိတဲ့အထိ။

ကင်မ်ထယ်ယောင်းကမူသူတို့နှစ်ယောက်ဖြစ်ပျက်
နေပုံကိုသတိမပြုမိ။မတွေ့တာကြာပြီဖြစ်သောမိတ်ဆွေကောင်းတွေကိုပြန်လည်တွေ့ဆုံရသောအခါချင်ရှန်းဝေ့ကချင်နိုင်ငံ၏ကြီးကျယ်မြင့်
မြတ်သည့်တတိယမင်းသားဆိုတာမေ့သွားသည်အထိ။ဒူးထောက်ခစားရိုသေမူ့တွေပြုမနေဘဲ
ဝမ်းပန်းတစ်သာပင်ထယ်ယောင်း...ချင်ရှန်းဝေ့အားပြေးဖက်မိသည်အထိ။

"မင်းသား..ဒီထိလိုက်လာမယ်လို့ထင်မထားမိဘူး"

"ဘာလို့လိုက်မလာရမှာလဲ၊မောင်မင်းဘာလို
လိုအမြဲနောက်မှာရှိမယ်လို့ကိုယ်တော်မပြောခဲ့
ဘူးလား"

Legend Of Male Empress(Completed) Where stories live. Discover now