Part.30

5.1K 641 11
                                    


လီဆုန်ယွမ်သည် သူ့အိမ်ကိုစစ်မြေပြင်က​အမှာပါး
လိုက်သည့်​ခြေမြန်စစ်သားအိမ်ကိုရောက်လာသည်
မှစ၍ မိဖုရားကြီးဆိုဟီးစာကိုတစ်စဆီဆွဲ ဖြဲလိုက်
သည့်အဆုံး၊အားလုံးအခြွင်းအချန်မရှိပြန်ပြောလာသည်။ကြားရသည့်ဂျောင်ကုမှာတော့...လုံးဝမယုံ
နိုင်။မယ်မယ်သည်အဲ့လိုကောက်ကျစ်စဥ်းလဲတဲ့
လူမျိုးပါလား။ထယ်ယောင်းပေါ်မကျေမနပ်မနာ
လိုဝန်တို့မူ့များရှိသည်မှန်သော်လည်းအဲ့လောက်ထိ
အတင့်ရဲရဲကျူးလွန်မည်ထင်းမထား။နောက်ပြီး
စစ်သေနာပတိချုပ်....။တိုင်းပြည်ကိုဘေးရန်အပေါင်းက ကာကွယ်စောင့်ရှောက်ဖို့ခန့်အပ်ထားသူကိုယ်တိုင်က ကိုယ့်အကျိုးတစ်ခုတည်းအတွက်တိုင်းပြည်နဲ့လူမျိုးပေါ်သစ္စာဖောက်ခဲ့သည်တဲ့။

ဝူဟိုက်စစ်မြေပြင်၏နောက်ကွယ်လျှို့ဝှက်သော
အ​ကြောင်းအရာများရှိနိုင်သည်ဟုခန့်မှန်းမိသော်
လည်းဤမျှလောက်ဆိုးဝါးလိုက်မည်လို့မထင်
ခဲ့။အဆိုးဆုံးက... မိမိအားလူကောင်းတစ်ယောက်၊
ရှင်ဘုရင်ကောင်းတစ်ပါးဖြစ်ရင်ဆုံးမပဲ့ပြင်ဖူး
သောမယ်တော်ကြီးမှာဒီလိုရက်စက်တဲ့လုပ်ရပ်မျိုး
လုပ်ခဲ့တယ်ဆိုတာ မယုံနိုင်သေး။

လှမ်းနေတဲ့ခြေလှမ်းတိုင်းကအရင်လောက်အားမာန်မပါတော့။ခေါင်းတစ်ခုလုံးသံသယများ၊ဝေ
ခွဲဆုံးဖြတ်ရခက်ခြင်းတွေနဲ့ပြည့်နှက်နေပြီးသပွတ်
အူပမာရူပ်ထွေးပွေလီလွန်းလှသည်။ဝူဟိုက်နယ်စပ်ကိုကာကွယ်ရင်းအသေဆိုးနဲ့သေဆုံးခဲ့ရတဲ့
စစ်သည်တွေ၊နှစ်ပေါင်းများစွာထိုဒေသအတွင်းနေ
ထိုင်ပြီးချင်တွေရဲ့နှိပ်စက်ညှင်းပန်းမူ့ခံခဲ့ရတဲ့တိုင်း
သူပြည်သားတွေ၊သဘာဝသယံဇာတတွေ၊အား
လုံးစပ်ဆက်စဥ်းစားကြည့်မိရင်ဆုံးရူံးမူ့တွေများ
ပြားလိုက်တာ။ဒီများပြားလှတဲ့ထိခိုက်ဆုံးရူံးမူ့
ကြီးကိုဘာနဲ့အဖတ်ဆယ်လို့ရမှာလဲ။နာမည်ပျက်
တဲ့လူတွေရဲ့ဘဝတွေလည်းဂုဏ်သိက္ခာပိုင်းရစရာ
မရှိတော့သလို၊သေတဲ့လူတွေကလည်းသေဆုံး
နှင့်ပြီ။

ကျန်နေတဲ့လူတွေကတော့...အတ္တမာနတွေ၊အမုန်း
တရားတစ်နင့်တစ်ပိုးနဲ့လူ့ဗလံတွေသာ။ဂျောင်ကု..
ဝူရွယ်နန်းဆောင်ကိုမပြန်ဖြစ်။ထယ်ယောင်းပြန်
ရောက်ကတည်းသူ့အချိန်အများစုကိုဝူရွှယ်နန်း
ဆောင်တွင်သာကုန်လွန်ခဲ့ပြီးပင်မစံနန်းဆောင်ဆီ
ပြန်ဖြစ်သည်ကရှား၏။အခုစစ်သူကြီးကင်မ်ထယ်ယောင်းအားရင်မဆိုင်ရဲသည်ကြောင့်ပင်မစံနန်းဆောင်ဆီသာပြန်လာခဲ့လိုက်သည်။

Legend Of Male Empress(Completed) Where stories live. Discover now