Part.24

5.4K 693 50
                                    

နိုးနိုးချင်းထယ်​ယောင်းခေါင်းသည်တစ်ရိပ်ရိပ်မူး
နေသည့်အပြင်ခန္ဓာကိုယ်သည်လည်းတစ်ဆစ်ဆစ်
နာကျင်ကိုက်ခဲလျှက်။ မပြီးနိုင်သောအိမ်မက်ဆိုကြီးကိုဆက်တိုက်အကြိမ်ပေါင်းများစွာမက်ခဲ့သည်ကြောင့်လူကခရီးအဝေးကြီးကိုခြေကုန်သုတ်
ပြေးလာခဲ့သူပမာရင်တစ်ခုလုံးမောဟိုက်လို့။
နောက်ဆုံးမှတ်ဥာဏ်ဖြင့်မိမိလုပ်ကြံခံရတာကလွဲ
ဘာမှရေရေရာရာမမှတ်မိခဲ့။သေများသေ သွား
ခဲ့ရင်သူ့ညီရဲဘော်တွေကိုဘယ်လိုမျက်နှာပြရမလဲ။ဒါမှမဟုတ်....တမလွန်မှာအရှင်ဂျုံးကုနဲ့တွေ့
ရမှာမလား။သို့လောသို့လောပေါင်းများစွာကိုစဥ်း
စားမိသလို၊တစ်ဖက်မှာလည်းဧကရာဇ်ငယ်ဂျွန်ဂျောင်ကုနှင်အချိန်အများကြီးအတူမရှိနေနိုင်သည်ကိုတွေးကာဝမ်းနည်းမိပြန်၏။

"လူကြီးမင်းကင်မ်...နေလို့ထိုင်လို့အဆင်ပြေရဲ့လား
ဟင်၊ဘယ်နေရာများမသက်မသာရှိသေးလဲ"

နူးညံသောစကားသံနဲ့အတူလက်တစ်ဖက်အားခပ်
ဖွဖွဆုပ်ကိုင်လာတဲ့ဂျောင်ကု။ကလေးငယ်၏မျက်ဝန်းထဲမျက်ရည်စများကိုမြင်သော
အခါထယ်ယောင်းစိတ်ထဲမကောင်းတော့။တိုင်းပြည်အုပ်ချုပ်တဲ့မင်းဧကရာဇ်တစ်ပါးမှာဘာလို့အဲ့သနားစရာမျက်နှာပေါက်လေးရှိနေရတာလဲ။

"ဘာလို့ငိုနေတာလဲ၊အရှင်မင်းကြီးကတိုင်းပြည်
ဥသျှောင်ပါ၊ လွယ်လွယ်နဲ့မျက်ရည်မကျကောင်း
ပါဘူး"

"ဘယ်သူပြောလဲ၊ ဘုရင်လည်းလူပဲ၊ဝမ်းနည်း
ခံစားရရင်တော့ငိုချင်ငိုမှာပေါ့၊ခင်ဗျားသင်ယူ
ခဲ့တဲ့စာအုပ်အဟောင်းကြီးထဲကအဘိဓာန်တွေ
အားလုံးလွှတ်ချပစ်ခဲ့စမ်းပါ"

မျက်ရည်စမ်းစမ်းနဲ့ပါးကိုငြ င်သာစွာထိတွေ့လာ
တဲ့လက်တွေကြောင့်ထယ်ယောင်းရင်မောရပြန်သည်။

"ကျွန်တော်မျိုး...ဝူဟိုက်တိုက်ပွဲမှာသေသွားတဲ့ရဲဘော်တွေအားလုံးကိုတွေ့ခဲ့တယ်။သူတို့ရဲ့ဝိဥာဏ်
တွေကအခုထိမကျွတ်လွတ်ပဲအမှန်တရားအတွက်
တောင်းဆိုနေတုန်းပဲ။အရှင် ဂျုံးကုကိုတော့ရှာမတွေ့ခဲ့ဘူး၊သူ ကျွန်တော်မျိုးပြန်အလာကိုဆက်
မစောင့်နိုင်ဘူးထင်တယ်"

Legend Of Male Empress(Completed) Where stories live. Discover now