Part.8

5.2K 692 25
                                    

ပုံမှန်ရက်တွေတိုင်းမနက်ဦးပိုင်းတွင်နန်းတွင်းညီလာခံကျင်းပလေ့ရှိသည်။အခါကြီးရက်ကြီးများနှင့်ဧကရာဇ်၏နဂါးကိုယ်တော်မကျန်းမမာမှ
သာတစ်ခါတစ်ရံညီလာခံနားလေ့ရှိပြီး၊အရေးကြီးတဲ့နိုင်ငံရေးလမ်းစဥ်တွေကိုချမှတ်ချိန်ဆိုရင်တော့
တစ်နေ့ကိုနှစ်ကြိမ်ညီလာခံဆင့်ခေါ်သည်။

ဂျီယော၏ဧကရာဇ်ကငယ်လွန်းသည်ကြောင့်ညီလာခံသည်တော်ရုံပိတ်လေ့မရှိ။အမြဲနိုင်ငံရေးစစ်ရေးတွေကြားတက်ကြွနေသောဧကရာဇ်ငယ်
ဂျွန်ဂျောင်ကုကြောင့်အမတ်မင်းများအနားသိပ်မရ
ပေမဲ့နိုင်ငံတော်အုပ်ချုပ်ရေးအပေါ်အလေးထား
ဆောင်ရွက်သူအဖြစ်အမတ်အိုတို့ရဲ့ထင်မြင်ချက်ကောင်းစွာကိုရရှိခဲ့သည်။

ညီလာခံ ခန်းမကျယ်ကြီးထောင့်ရှိတိုင်လုံးတိုင်း
တွင်နဂါးရုပ်ပုံများထွင်းထုထားပြီးထိုနဂါးရုပ်
ထုတိုင်းသည်ကောင်းကင်ပေါ်သို့ပျံတက်တော့
မည့်အလား။ရွှေရောင်တိုင်လုံးကြီးတွေ၊ခံညားလှ
ပါတဲ့ ပန်းချီကားချပ်ကြီးတွေကယာဥ်ကျေးမူ့
အဆင့်အတန်းတစ်ခုကိုတိကျစွာဖော်ပြနေသလို။
ဂျီယောဘုရင်ငယ်လေးမှာရွှေရောင်စင်မြင့်ထက်
ခံညားစွာတည်ရှိနေပြီး၊အထူးအဆန်းသဖွယ်
ယယနေ့မှမယ်တော်ကြီးဆိုဟီးကပါညီလာခံသို့တက်ရောက်လာခဲ့သည်။

အရိပ်အ​ခြေသုံးပါးနားလည်တဲ့မူးမတ်အိုကြီးတွေ
ကဒီနေ့တော့နိုင်ငံရေး၊စစ်ရေးအမြင်များကိုအချင်းချင်းငြင်းခုံမနေကြတော့။ ဧကရာဇ်ဆို
တာထက်တန်ခိုးသြဇာမသေးလှတဲ့မယ်တော်ကြီး
ကိုလည်းကြောက်ရသေးတယ်။

မယ်တော်ကြီးဆိုဟီးမှာအတွင်းဝန်အမတ် ဒုံအား
ပလ္လင်ပေါ်ကနေအကြည့်တစ်ချက်ပေးလိုက်သည်။
ထိုအကြည့်ကိုမြင်သည်နှင့်အတွင်းဝန်အမတ်ဒုံ
ကိုယ်လေးတစ်ချက်တွန့်ဝင်သွားပြီးခေါင်းကိုငုံ၊
ကိုယ်ကိုညွှတ်ကိုင်းကာအရှင်မင်းမြတ်အားထိုသို့
အရဲစွန့်ကာလျှောက်တင်လာ၏။


"အရှင်မင်းကြီး...ချင်ကနေပြန်လွှတ်လိုက်တဲ့သုံ
ပန်းတွေအရေးကိုမပေါ့ဆသင့်ကြောင်းပါ...ဘုရား၊တစ်ခြားသုံ့ပန်းတွေကခွင့်လွှတ်ပေးဖို့ရာထိုက်တန်
ပေမဲ့၊တစ်ချို့ပြစ်မူ့ကြီးသုံ့ပန်းတွေကျတော့ချက်
ချင်းခေါင်းဖြတ်သတ်သင့်တာပါဘုရား"

Legend Of Male Empress(Completed) Where stories live. Discover now