Part.29

5.7K 690 32
                                    


အဲ့ညပြီးကတည်းက ထယ်ယောင်းဧကရာဇ်ငယ်လေးကိုအနားမကပ်ခိုင်းတော့။မှတ်လောက်သား
လောက်အောင်ပစ်ထားဖို့တွေးမိလိုက်သည့်အပြင်
စိတ်ကူးပေါက်ပေါက်ဖြင့်လောကနီတိကြမ်းကိူ
ဆယ်ခါလောက်ကူးရေးခိုင်းလိုက်တယ်။ဒါမှ
လူတစ်ဖက်သားအပေါ်သနားကြင်နာတတ်ရမှန်း
နားလည်သွားမှာ။စိတ်အမှောင်မိုက်တွေလည်း
ပျောက်သွားအောင်တရားစာလေးတွေဖတ်ခိုင်း
ဦးမှ။နို့မို့ဆိုကြမ်းလိုက်ရမ်းလိုက်၊ဒေါသထွက်သည်ကားအသက်အရွယ်နဲ့မှမလိုက်။ဒီကို
ရောက်ရောက်ခြင်းစစပြန်တွေ့တုန်းကဒီဒေါသအိုးလေးကိုသူတောင်တုန်နေအောင်ကြောက်ရသည်မလား။အသက်ကလည်းငယ်သေးသည့်အပြင်၊လိုတိုင်းရတတိုင်းဖြစ်နေတဲ့မင်းဧကရာဇ်ဖြစ်နေသောအခါထိုကောင်ငယ်လေးကဘယ်အရာမဆိုစိတ်သွားတိုင်းကိုယ်ပါနေတော့သည်။

ချစ်ရည်လူးခဲ့တဲ့ညကဒီကောင်လေးရဲ့ခွန်အားက
ကြောက်ခမန်းလိလိ။အကောက်ကြံစည်သည်
မဟုတ်သော်ငြားပေါ်ပေါ်ထင်ထင်ပင်သူ့အားစိတ်
ကြွဆေးတောင်ချော့တိုက်လိုက်သေး။တရားရုံး
တင်စစ်ဆေးရေးကာလရောက်လာခဲ့သော်လည်း
ဂျောင်ကုက သူနေမကောင်းသေးဘူးဆိုတဲ့အကြောင်းပြချက်ဖြင့်နှစ်ရက်သုံးရက်မျှရွေ့ဆိုင်းထားသည်။နောက်ပြီး ရွှေနန်းတော်တွင်မက
မြို့ပြည်သူလူထုကြားကောလဟာလမျိုးစုံလွင့်
နေပြီးဧကရာဇ်ငယ်သည်ဘယ်အကွက်ကိုနင်းနေ
လဲသူမသိ။

ထယ်ယောင်းသိသည်က သူခါးက ကျိုးမတတ်
ကိုက်ခဲနေပြီးတင်းပါးတွေသည်လည်းစပ်ဖျဥ်း
ဖျဥ်း။ကိုက်ခဲခံထားရသည့်ရင်ဘတ်လေးမှာဖူး
ယောင်ကိုင်းနေပြီးပန်းရောင်ထိပ်ခေါင်းလေးတွေ
မှာသွေးပင်စို့မတတ်။ခွေးပေါက်လေးလိုသွားနဲ့
တစ်တိတိကိုက်နေသောဂျောင်ကုကြောင်ပြတ်
ထွက်မသွားတာပင်ကံကောင်း။ဘယ်လောက်
များကြမ်းရမ်းလဲဆိုနောက်ဆုံးသူမောဟိုက်ပြီးမေ့
မျောသွားသည်အထိ။
ဒီကောင်လေးကိုငယ်သေးသည်ဟုထင်မြင်မိတာ
မှားသွားတဲ့ပုံ။နာကျင်မူ့ကိုရှက်ရွံမူ့ပါထပ်ပေါင်း
လိုက်ချိန်၊ထယ်ယောင်းဘုရင်ငယ်လေးကိုစကား
သိပ်မပြောချင်တော့။

အပြစ်ဟုမဆိုသော်ငြားစိတ်တော့တိုမိပါသည်။
ဒါ့ကြောင့်...အမြင်ကပ်ကပ်နဲ့ငယ်ငယ်တုန်းက
အပြစ်ပေးနည်းအကျင့်တိုင်းစာကူးခိုင်းလိုက်ခြင်း
သာ။

Legend Of Male Empress(Completed) Where stories live. Discover now