"ကြည့်စရာရှိလို့"

နေရာချိန်းပြီးသည်နှင့် တစ်ဖက်စာပွဲဝိုင်းကိုကောင်းကောင်းမြင်ရသည်မို့ ကြည့်မိတော့ မမလှလှများနှင့် ကောင်လေးများကအုပ်စုလိုက်လေးဖြစ်လေသည်။ အတွဲတွေမှန်းသိသာသည်က ခွံကျွေးနေသည့်အတွဲ၊ အအေးကိုပိုက်တစ်ချောင်းထဲသောက်နေသည့်အတွဲ ကျောပေးထား
သည့်အတွဲကလဲ လက်တွေချိတ်လို့ အမြင်ကပ်လောက်အောင်ရှိနေလေသည်။

မင်းခနှင့်မျက်နှာချင်းဆိုင်တွင်ရှိသည်က
ဆံပင်လေးစုစည်းထားပြီး ပါးဖောင်းဖောင်းလေးနှင့်ကောင်မလေး အစာနကြားရ၍သာ အသက် 21 မှန်းသိသော်လည်း တစ်ဂယ်မထင်ရပေ။ ကြည့်မိသည့် မင်းခမျက်လုံးများအကြည့်မလွှဲနိုင် စားနေပုံ၊ အအေးသောက်နေပုံလေးနှင့် စကားပြောလိုက်ရယ်လိုက်နှင့်မမကို ပြုံးပြီးလိုက်ကြည့်နေမိသည်။

"ငါတို့နဲ့မလိုက်တော့ဘူးလားဖြူငယ် "

"အင်း အတွဲတွေကြား ရှုပ်နေမှာဆိုးလို့
အိမ်ပဲပြန်တော့မယ် မောင်လေးလာကြိုနေပြီတဲ့"

"မနက်ဖြန် ဘုရားသွားမှာရောမလိုက်တော့ဘူးလား"

"အဆောင်ပြန်ရမှာမို့ မလိုက်တော့ဘူးဟ"

"အင်းပါအဲ့တာဆိုလဲ သွားရအောင်လို့"

မျက်လုံးထဲဘာဝင်မှန်းမသိ၍ မျက်လုံးပွတ်ပြီး ထလာသည့်ဖြူငယ် ရှေ့ကလူကိုဝင်တိုက်မိလိုက်သည်။မပွင့်တစ်ပွင့်နှင့်ကြည့်မိတော့ အရပ်ရှည်ရှည်နှင့် ဖြူငယ့်ထက်အသက်ငယ်ပုံရသည့် ကောင်လေးတစ်ယောက်။

"တောင်းပန်ပါတယ်နော် မျက်လုံးထဲအမှုံဝင်နေလို့ အစ်မ မမြင်မိလိုက်ဘူး"

"အင်း ရတယ် "

မျက်လုံးကိုဆက်ပြီး ပွတ်နေသည့်ထိုမမ မျက်လုံးတွေတော့ထိခိုက်တော့မှာပဲဗျာ။

"ခဏလေး"

ကွေ့ထွက်သွားမည်လုပ်မှ ခဏလေးဆိုပြီး မျက်နှာလာကိုင်ပြီး မျက်လုံးကိုသေချာလာကြည့်သည့်ထိုကောင်လေး ကြောင့်ဖြူငယ်လန့်သွားရတော့သည်။

"မင်း ဘာလုပ်တာလဲ"

"ငြိမ်ငြိမ်နေလေမမရဲ့ ကူညီနေတာကို
မျက်တောင်မွှေးကအဲ့လောက်ထူဖိုလိုလို့လား ရော့ မျက်တောင်မွှေးစူးနေတာ..."

ခွန်းရဲ့နှောင်ကြိုးငယ် 🍀🍀(Completed)Donde viven las historias. Descúbrelo ahora