part 40(complete)

19.6K 287 10
                                    

အချစ်ဆီမှ..အစပြု၍(BL Fiction)
အပိုင်း(၄၀)ဇာတ်သိမ်းပိုင်း
အိပ်ရာက နိုးလာလာချင်းပင် လင်း မျက်လုံးလေး ဖွင့်ကြည့်လိုက်သည်။သူ့ကို စိုက်ကြည့်နေသော ခန့်ထည်ကို တွေ့ရသည်။ဒါက မနက်ခင်း လင်း အိပ်ရာကနိုးတိုင်း တွေ့နေကျမြင်ကွင်းဖြစ်သည်။
အခုဆို လင်းက မြန်မြန်ဆန်ဆန်မဟုတ်ပေမယ့် ခပ်မှန်မှန်ခြေလှမ်းလေးနှင့် ကောင်းကောင်းမွန်မွန် လမ်းလျှောက်နိုင်နေပေပြီ။သူ့ဘာသာသူ ရေချိုးခန်းထဲဝင်ပြီး။ရေချိုးတာ၊အပေါ့ အလေး သွားတာတွေ အကုန်လုပ်နိုင်နေပေပြီ။

လင်းရေချိုးခန်းထဲက ထွက်လာတော့ ခန့်ထည်က လင်းအတွက် အဝတ်အစားတွေ ထုတ်ပေးထားပြီးပြီ။အခုဆို လင်းက ခန့်ထည် ထုတ်ပေးထားသည့် အဝတ်အစားတွေကိုပဲ ဝတ်ဆင်နေကျဖြစ်နေပြီမို့ သူ့အဝတ်ဗီရိုထဲကိုတောင် ‌သေသေချာချာ မကြည့်ဖြစ်တော့ပေ။

"အဒေါ် က မနက်စာပြင်ပေးပြီးသွားပြီ သဲကြိုက်တတ်တာလေးတွေပဲ လုပ်ပေးသွားဖို့ ကိုကို ပြောထားတယ်"

"နေ့လည်စာရော သဲစားချင်တဲ့ ဟာ ချက်ပေးသွားရဲ့လား"?

လင်းက အဝတ်အစားတွေ ဝတ်နေရင်းကပြောနေပေမယ့် ခန့်ထည်က ကုတင်ပေါ်မှာ ထိုင်နေကာ အဝတ်အစား ဝတ်နေသော လင်းကို ကြည့်ကာ ပြောနေတာဖြစ်သည်။အခုတော့ ခန့်ထည်ရှေ့မှာ အဝတ်ဝတ်ရန်ကိုပင် လင်းက မရှက်တော့။လင်း ခြေထောက်တွေ ပုံမှန်မဖြစ်ခင်ကဆို ခန့်ထည်ကပဲ အဝတ်အစား‌ေတွ
ဝတ်ပေးခဲ့တာ မဟုတ်လား?။

"ချက်ပေးသွားပါတယ် သဲရယ် သဲစားချင်တာတွေကိုပဲ ကိုကိုက ချက်ပေးဖို့ ပြောထားတာ သိလား?"

အခုတော့ အိမ်မှာ အချိန်ပိုင်း သန့်ရှင်းရေးသမားတင်မကပဲ အချိန်ပိုင်း စာဖိုမှူးနှင့် အချိန်ပိုင်း ဥယျာဉ်မှူးတွေကိုပါ ခန့်ထားသည်။ခန့်ထည်က အလုပ်များ လာပြီ မဟုတ်လား?"
ဒါကိုတောင် ခန့်ထည်က နိုင်ငံခြား ခရီးစဉ်တွေ၊အစည်းအဝေးတွေ ရှိရင် လင်းကိုပါ ခေါ်သွားမြဲဖြစ်သည်။လင်း မှာ အားချိန်လေးများ ရှိနေရင်လည်း သူ့ရုံးကို ပါ ခေါ်သွားမြဲဖြစ်လေသည်။

မနက်စာမှာပါတဲ့ ကြက်ပေါင်ကြော်ကို အသားလေးတွေချည်း ခွာပြီး လင်းပန်းကန်လေးထဲသို့ ခန့်ထည်က စိတ်ရှည်၊လက်ရှည် ထည့်ပေးနေလေသည်။အတူနေကာစကတော့ လင်းက ငြင်းခဲ့ဖူးပေမယ့် ခန့်ထည်က ပြောလို့လည်း မရတာမို့ လင်းလည်း မပြောတော့ပဲ ခန့်ထည်ဂရုစိုက်တာကိုပဲ ကြည်ကြည်နူးနူး ခံယူလိုက်တော့သည်။
ဒီလောက်တင် မကပါဘူး ဘယ်နေရာမှာပဲ ဘာသွားစားပါစေ ပုစွန်စားရင် အခွံခွာပေးတတ်တဲ့သူ၊ဂဏာန်းစားရင် အသားလေးပဲ နွှာကျွေးတတ်တဲ့သူ၊ငါးစားရင် အရိုးနွှင်ပေတတ်တဲ့ သူလည်းဖြစ်သည်။ပြီးတော့ ဘယ်ကိုပဲရောက်ရောက် လင်းကြိုက်တတ်သည့် ဟင်းလျာ၊လင်းကြိုက်တတ်သည့် အချိုပွဲ၊လင်းကြိုက်တတ်သည့် မုန့် ၊ဒါတွေကိုပဲ ဦးစားပေးကာ မှာတတ်၊ဝယ်တတ်သည်။ခန့်ထည်ကြိုက်တတ်တာ ဘာတွေလဲ လို့တောင် လင်းက မသိ။လင်းလည်း မသိသလို ခန့်ထည်ကိုယ်တိုင်ပင် သူ့ကိုယ်သူ ဘာတွေကြိုက်တတ်ခဲ့တာလဲ လို့ သိတော့မည် မထင်။
သူ့ရဲ့ အရာရာသည် လင်းပဲ
ဖြစ်‌ေနသည်။

You've reached the end of published parts.

⏰ Last updated: Feb 04, 2023 ⏰

Add this story to your Library to get notified about new parts!

အချစ်ဆီမှ အစပြု၍(Complete)Where stories live. Discover now