part 05

10.2K 429 2
                                    

အချစ်ဆီမှ အစပြု၍
အပိုင်း(၅)

"ပြတင်းပေါက်ကို ထွက်လာခဲ့ "
မနက်အိပ်ရာက နိုးနိုးချင်း လင်း ဖုန်းထဲမှာ ဝင်လာသည့် ကိုကိုဟန်ထည့်ဆီက မက္ဆေ့ တစောင် သည် လင်းကို ပျော်ရွှင်သွားစေသည်။
လင်းတယောက် ဖုန်းလေးကို ကိုင်ကာ ပြတင်းပေါက် ဆီသို့ အပြေးကလေး သွားကာ ကြည့်လိုက္မိသည်။

လင်းတို့ ခြံရှေ့ မလှမ်းမကမ်းမှာ ကိုကိုဟန်ထည်ဟာ သူ့ကား အဖြူရောင်လေးကို စမတ်ကျကျ မှီရပ်နေပြီး လက်ထဲတွင်လည်း ပန်းစည်း တစည်း ကိုပွေ့ပိုက်ထားလေသည်။

ပျော်ရွှင်မှုက လင်းတကိုယ်လုံးကို အားအင်တွေပေးသည်။ကိုကိုဟန်ထည်က ပြတင်းပေါက် မှ လင်း၏ မျက်နှာလေးကိုမြင်လျှင် လှမ်းကာ လက်ပြ၏။လင်းရင်ဘတ်ထဲကနေ လိပ်ပြာလေး
‌ေတွနေရာအနှံ့ ပျံပြေးသွားသလို ခံစားလိုက်ရသည်။

"အို.... ကိုကိုဟန်ထည် ရောက်လာတယ်။ကိုကိုဟန်ထည် ကင့ါဆီကိုလာတယ်"

ဆိုသော အတွေးတွေကြောင့် ရူးရူးသွပ်သွပ်ပင် ပျော်ရွှင်နေမိပြီး ရေချိုးတာ၊အဝတ်အစားဝတ်တာတွေကို ပျော်ပျော်၊မြူးမြူး၊သွက်သွက်လက်လက် လုပ်နေမိသည် ။ကိုကိုဟန်ထည် မနေ့ညနေက ကတိမတည်ခဲ့တာကိုပင် မေ့သွားသည်။

ညက ခန့်ထည်နှင့်သာ သွားစားရသည် လင်းစိတ်ထဲမှာ ကိုကိုဟန်ထည့်ကိုသာ သတိရနေမိသည်။ခန့်ထည်က လင်းအတွက် အသားတွေ ရွေးထည့်ပေးတိုင်း ကိုကိုဟန်ထည်ကသာ လင်းကို ဒီလို ဂရုစိုက်ရင် ကောင်းမှာပဲ လို့လည်း တွေးမိသည်။တခါတလေကျတော့လည်း "ခန့်ထည်လို သူငယ်ချင်းမျိုး ရထားတာ ငါကံကောင်းတယ်"လို့လည်း တွေးမိပြန်သည်။

ဒါနဲ့ ဘောလုံးကွင်းမှာရော၊ကျောင်းမှာရော ကောင်မလေးတွေ ဝိုင်းဝိုင်းလည်နေသည့် ကြားက ခန့်ထည်တယောက် ဘာလို့များ ခုထိ ချစ်သူမထားသေးတာလဲ ? လို့ တွေးမိသည်။

အဝတ်အစားကို အမြန်ဝတ်ပြီး ခြံရှေ့ပြေးထွက်လာခဲ့သည့် လင်းကို ကိုကိုဟန်ထည်က ပြုံးကာ ကြည့်နေသည်။

"ရော့ လင်းအတွက် ကိုယ့်ရဲ့ တောင်းပန်တဲ့ ပန်းတွေ"

တောင်းပန်သည့် ပန်းတွေလို့ စကား ဆိုတော့ လင်းက ပိုပြုံးသွားရသည်။မချော့ခင်က ပြေနှင့်သူပါပဲ။

အချစ်ဆီမှ အစပြု၍(Complete)Where stories live. Discover now