part 30

6.2K 183 0
                                    

အချစ်ဆီမှ.....အစပြု၍
အပိုင်း(၃၀)
ဦးထည်ကို ဆေးရုံကနေ ကြိုလာခဲ့ပြီးတဲ့အခါ ခန့်ထည်တယောက် ဒီနေ့ ခါတိုင်းထက်နည်းနည်းလေး ပိုပင်ပန်းတာကတကြောင်း ၊လင်းနှင့်လည်း ဖုန်းဆက်လို့မရတာကတကြောင်းကြောင့် ခပ်စောစောလေး အိပ်ပျော်သွားမိသည်။
ဘယ်လောက်ကြာကြာ အိပ်ပျော်သွားမှန်းမသိပေမယ့် အဆက် မပြတ် မြည်နေသည့် ဖုန်းသံကြောင့် ရုတ်တရက် ပြန်နိုးလာသည်။
နာရီကို လှမ်းကြည့်လိုက်တော့ ည၁၁နာရီနှင့် ၁၈ မိနစ် ရှိပြီ။ဒီလို အချိန်ကြီးကို ဘယ်သူ့ဆီကပါလိမ့်ဆိုတဲ့ အတွေးနှင့် ဖုန်းကို ကြည့်လိုက်တော့ အီယာယာ့ဆီကဖုန်း ဖြစ်နေသည်။
အိပ်ချင်မူးတူးနှင့် ဖုန်းကို ကိုင်လိုက်သည်။

"ဟယ်လို အီယာ ပြော"

"ခန့်ထည် နင်ငါ့ကို အခုလာကယ်အုံး"

"ဟင် နင်ခုထိ အိမ်မပြန်ရသေးဘူးလား?
ဟိုကောင်နဲ့ ဘာလုပ်နေတာတုန်း?"

"ဘာမှ မလုပ်ပါဘူး  ရုပ်ရှင်ကြည့်နေတာ ဟေ့ အဲ့ဒီကောင်က ခွာထုတ်လို့မရဘူးဟ အတင်းကပ်နေတယ် အခု ဟော်တယ် သွားနေပြီ နင်လာကယ်မှ ရမယ်"

"အေး ဘယ်ဟိုတယ်တုန်းဟ  နင့်ဟာက"

"Crush တဲ့ "

"Crush က 1နဲ့ 2 နဲ့ နှစ်ခု ရှိတာ 1လား ? 2လား?"

"သူမောင်းနေတဲ့ လမ်းကြောအရဆို 2လို့ ထင်ရတယ် ဒါပဲ ဒါပဲ နင်လာခေါ်နော်ခု"

"အေးပါ အေးပါ အေးအေး"

ခါတိုင်းဆို အီယာယာတို့က ‌ညစာ လိုက်စားတာတို့ ၊ရုပ်ရှင်အတူကြည့်တာတို့၊ကော်ဖီအတူသောက်တာတို့ လုပ်ပြီးရင် အသာလေး ခွာချခဲ့ပြီး သူ့ကားသူမောင်းကာ လှလှပပ၊ ကြွကြွရွရွ လေး အိမ်ပြန်လာတတ်မြဲပင်။

အခုဟာက သူခွာချလို့ မရတာထက် သူကိုယ်တိုင်ကိုက ခွာမချချင်တာပဲဖြစ်ရမသည်။ခွာလည်း မခွာချင်၊ဟိုတယ်လည်း မလိုက်ချင် ဖြစ်နေပုံရပါသည်ဟုတွေးကာ အီယာတို့ကတော့ ဒီလိုလေးလည်း တွေ့ပေးအုံးမှ ဟု တွေးကာ ခန့်ထည် ပြုံးလိုက် မိသည်။

ကားကို Crush 2 ဟိုတယ်ရှိရာသို့ မှန်မှန်လေးမောင်းလာခဲ့သည်။ဟိုတယ် ဧည့်ကြိုခန်းထဲသို့ ဝင်လိုက်လိုက်ချင်းပင် အခန်းစောင့်နေဟန်ရှိသည့် အီယာတို့အတွဲကို ကံကောင်းထောက် မစွာ တွေ့လိုက်ရသည်။

အချစ်ဆီမှ အစပြု၍(Complete)Onde histórias criam vida. Descubra agora