part 36

5.3K 152 0
                                    

အချစ်ဆီမှ....အစပြု၍ (BL Fiction)
အပိုင်း(၃၆)

အချစ်က ကိုယ့်အနားရှိနေသလိုလိုနှင့် တခါတခါကျတော့ ထိတွေ့ပိုင်ဆိုင်ဖို့ ခက်နေသလိုလိုဖြစ်တတ်သည်။
လင်း အခုလို ဖြစ်နေတဲ့ အချိန်မျိုးမှာ အနားမှာ အတူရှိနေချင်သည်။
လင်းက ရေကူးရတာကို ကြိုက်သည်။
ကော်ဖီနှင့်ကိတ်ဆိုင်ဖွင့်ချင်သည့် လူငယ်တယောက်ဖြစ်သည်။
သူ့ကိုလည်း ချစ်သည်။
ဒါတွေက ခန့်ထည်သိတဲ့ လင်းရဲ့အကြောင်းတွေပါပဲ။
ဘာလိုများ ဒီလိုတွေဖြစ်နေရတာလဲ? ဘယ်နေရာကများ စပြီးလွဲခဲ့တာလဲ?

သူ  လင်းအိမ်ကို သွားတိုင်း စတီးတန်းလေးကို ကိုင်ကာ ခက်ခက်ခဲခဲ လမ်းလျှောက်နေတဲ့ လင်းပုံစံကို မြင်တိုင်း မကြည့်ရက်နိုင်အောင်ပင် ခန့်ထည် မှာ ရင်နာရသည်။
ငယ်ငယ်ကတည်းက အတူတူကြီးပြင်းလာခဲ့ဖူးသည့် သူငယ်ချင်းသံယောဇဉ် ရော၊ဘယ်အချိန်ကတည်းက သဘောကျခဲ့သလဲ သေချာမသိပေမယ့် သဘောကျမိမှန်း သိကတည်းက မျှော်ငေးနေခဲ့ရတဲ့ ချစ်ရသူလေး...

"ဘာလို့ ကိုယ့်ကို မယုံရတာလဲ ကွာ"

အိပ်ရာက နိုးနိုးချင်းပင် ခန့်ထည် တွေးမိတွေးရာတွေ တွေးတောကာ ခံစားနေရသည်။ညက သူလက်ထပ်ခွင့်တောင်းတာကို လင်းက ဟိုရွှေ့ ၊ဒီရွှေ့ ရွှေ့နေတာကို သူမခံစားနိုင် ဖြစ်ရသည်။

ပြီးတော့လည်း လင်း ဆီကို ဖုန်းမဆက်ပဲ မနေနိုင်ပေ၊လင်း ကို သွားမတွေ့ပဲနဲ့လည်း မနေနိုင်ပေ။ချစ်တတ်ပြီ ဆိုကတည်းက ချစ်မိခဲ့ဖူးတာ လင်းတယောက်ပဲ ရိှသည်။

ဝမ်းနည်းစရာတွေ တွေးပြီးတော့ ညက လင်း၏ ချစ်စရာ ပုံရိပ်လေးက မျက်စိထဲ တဝဲလည်လည် ပေါ်လာပြန်တော့လည်း ကြည်နူးရပြန်သည်။သတိရလာပြန်သည်။

လင်းအကြောင်းကို တွေးမိတော့ ခန့်ထည်၏မျက်နှာမှာလည်း ပြုံးတုံ့တုံ့ပင် ဖြစ်လာရသည်။

"ချစ်စရာလေးကွာ"
"တွေ့တောင် တွေ့ချင်လာပြန်ပြီ"
"အိပ်ရာကနိုးတာနဲ့ သူ့မျက်နှာလေးကိုပဲ မြင်ချင်နေတာကို သူသိရင် ကောင်းမှာပဲ"

သူ့ကိုယ်ပေါ်သို့ ရေပန်းဆီမှ စီးကျနေသည့် ရေစက်တွေကြားမှာ ခန့်ထည်တယောက်တည်း တမ်းတနေမိပြန်သည်။

အချစ်ဆီမှ အစပြု၍(Complete)Where stories live. Discover now