part 26

4.8K 172 0
                                    

အချစ်ဆီမှ အစပြု၍(BL Fiction)

အပိုင်း(၂၆)"လင်းကိုချစ်ဖို့ မွေးဖွားလာတာပါ"

ညတုန်းကတည်းက အီယာယာက ဖုန်းဆက်ကာ ပြောပြထားပြီးပြီမို့ ခန့်ထည် လည်း အကြောင်းစုံကို သိပြီးနေပြီ။အတန်းချိန်နှင့် ကွက်တိကျအောင် လိုက် ပို့ပေးနိုင်သော လင်း၏ အဖေကိုလည်း ခန့်ထည် လက်ဖျားခါပါသည်။အတန်းချိန်နီးမှပင် သူ့အဖေ၏ ကားပေါ်က ဆင်းလာသော ဖြူဖြူ၊သွယ်သွယ်၊ပါးဖောင်းဖောင်း၊ နှုတ်ခမ်းဖူးဖူးနှင့် ကောင်လေးက ခန့်ထည်နှင့် အီယာယာ့ဆီသို့ ချစ်စဖွယ်ပုံစံလေးနှင့် လျှောက်လှမ်းလာလေသည်။
သူ့အဖေကြီးသာ ကားထဲက ထိုင်ပြီး စောင့်ကြည့်‌မနေဘူးဆိုလျှင် အပြေးလေးသွားကာ လက်ကိုဆွဲပြီး ကြိုလိုက်ချင်သည်။ ပြေးပွေ့ကာ ငုံထားလိုက်ချင်သည်။လမ်းလျှောက်လာတာလေးက အစ ဘယ်လောက် များ ချစ်စရာကောင်းလိုက်သလဲ?။ခန့်ထည်က သူ၏ ချစ်ရသူလေးကို မျက်တောင်ပင် မခတ်နိုင်ပဲငေးကြည့်နေမိသည်။

"မျက်လုံးကိုထိန်း မျက်လုံးကိုထိန်း ဟိုမှာ သူ့အဖေကြီး ကြည့်နေတယ်လေ"
ဘေးကနေ အီယာယာက ရွှတ်နောက်နောက်နှင့် ပင် ခန့်ထည်ကို အတည်ဝင်ပြောသည်။
လင်း သူတို့အနားကို ရောက်လာဖို့ ခန့်ထည်မှာ အတော်ကြီးကို စိတ်ထိန်းကာစောင့်ဆိုင်းနေရသည်။တချက်၊တချက်တော့ လင်း၏ အဖေကို စိတ်တိုမိသည်။သို့ပေမယ့် "လင်း" ဆိုသည့် ဤ လူသားလေးကို သူ့အတွက် မွေးဖွားပေးခဲ့တဲ့ လူပါ့လား? လို့ တွေးမိလျှင် စိတ်မဆိုးနိုင်တော့။လင်းအတွက်ရော ၊ကိုယ်တိုင်အတွက်ပါ ခန့်ထည်လည်း အတတ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်း နေရမည်ဟု တွေးကာ ဆုံးဖြတ်ထားသည်။

နှုတ်ခမ်းဆူပုတ်ပုတ်လေးနှင့် လင်းက ခန့်ထည်နှင့် အီယာယာ၏ အနီးသို့ ရောက်လာသည်။

"စိတ်ကျဉ်းကျပ် လိုက်တာကွာ"

ပြောလည်းပြောကာ၊ခြေလေးပင်ဆောင့်နေလေသည်။လင်း၏ ပုံစံလေးကြောင့် ခန့်ထည်မှာ ပို၍အသည်းယားနေရသည်။အီယာယာက နာရီကို ငုံ့ကြည့်ကာ

"လာ လာ အတန်းထဲရောက် မှ ပြောရအောင် အတန်းချိန်နောက်ကျတော့မယ်"
သုံးယောက်သား အတန်းထဲသို့ ခပ်မြန်မြန်လေး ပင် ဝင်လိုက်ကြသည်။

အချစ်ဆီမှ အစပြု၍(Complete)Wo Geschichten leben. Entdecke jetzt