part 39

6.2K 142 0
                                    

အချစ်ဆီမှ အစပြု၍
အပိုင်း(၃၉)
ဟန်းနီးမွန်းကနေ ပြန်ရောက်လာပြီး နောက်တရက်မှာပဲ ခန့်ထည်က ရုံးပြန်တက်ရတော့သည်။လင်းကို အိမ်မှာ တယောက်တည်း ထားခဲ့ရမည့် ခန့်ထည်တယောက် ဟန်းနီးမွန်းက ပြန်ရောက်ရောက်ချင်းမှာပဲ ညတွင်းချင်း အိမ်၏နေရာ သုံး၊လေး နေရာကို CCTV တပ်လိုက်သည်။လင်းမှာ လက်ကိုင်ဖုန်းလည်း ရှိပေမယ့် အိမ်ဖုန်းပါ တပ်ပေးထားလိုက်သေးသည်။

ခရီးကပြန်လာလာချင်းည ကဆို ခရီးပန်းလာတာမို့ သူ့နံဘေးမှာနှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော လင်းကို မြင်ရမှ ပြည့်စုံပြီး နွေးထွေးသွားသလို ခံစားရသည်။ကိုယ် ချစ်နေမိသည့် သူက သူငယ်ချင်းဖြစ်နေပြီး ၊ကိုယ့်ဦးလေး အရင်းခေါက်ခေါက်ကို သဘောကျနေတယ်ဆိုတာကို သိခါစကဆို၊ ခန့်ထည်တယောက် ဘယ်လောက်တောင် ကြိတ်ပြီး ခံစားခဲ့ရသလဲ? ဆိုတာ သူ့ကိုယ်သူ အသိဆုံးပင်။

အပျော်စီး သင်္ဘောပေါ်က ညတုန်းကဆို ခန့်ထည်၏စိတ်က နတ်ပြည်တဝက်၊ငရဲပြည်တဝက်ပင်။အနှစ်နှစ်၊အလလ က ထိတွေ့ချင်မိသည့် နှုတ်ခမ်းဖူးဖူး၊နူနူလေး။အကြိမ်ကြိမ်၊အခါခါ ငေးမောခဲ့ဖူးသည့် မျက်နှာ လုံးလုံးလေး။တိတ်တခိုး တပ်မက်ရပါသော ကိုယ်လုံးလေး။
လည်ပင်းလေးတွေ
ရင်ဘတ်ဖြူဖြူနူနူလေးတွေ
ဝမ်းဗိုက်သားလေးတွေ၊
ပေါင်တံဖြူဖြူ လုံးလုံးလေးတွေ။
ခြေဖဝါးလေးတွေကအစ
ဘယ်နှခါ ကြည့်ကြည့် မရိုးနိုင်အောင် လှပပြီး၊ ဖိတ်ခေါ်နေသည်။
အဲ့ဒီ ဝင်္ကဘာထဲကို သွေးဆာနေတဲ့ မုဆိုးတကောင်လို ပစ်ဝင်လိုက်ပြီးခါမှ
"အကယ်၍များ မုန်းသွားခဲ့ရင်"
ဆိုသည့် အတွေးက သူ့ကို ချက်ချင်း ခြောက်သွေ့ သွားစေခဲ့သည် မဟုတ်ပါလား?

အခုတော့့ ဒီလို မထိရက်စရာ အလှလေးက သူ့နံဘေးမှာ ရောက်နေပြီလေ။
လင်းက သူ့ဘဝရဲ့ တခုတည်းသော ပန်းတိုင်ပဲ ဖြစ်ခဲ့တာမို့ နောက်ထပ်ဘာမှ ထပ်မလိုချင်တော့လောက်အောင်
ပြီးပြည့်စုံသွားသလို ခံစားရသည်။

မနက်အစောကြီး ကို လင်းမထခင်မှာပင် ထခဲ့သည်။လင်းအတွက် မနက်စာ၊နေ့လည်စာ၊အဆာပြေ၊အချိုပွဲ၊သောက်စရာ အကုန်ပြင်ဆင်ပြီးထားခဲ့ရမည် ဟု သူတွေးသည်။

အချစ်ဆီမှ အစပြု၍(Complete)Where stories live. Discover now