part 23

5.3K 177 0
                                    

အချစ်ဆီမှ.....အစပြု၍(BL)
အပိုင်း(၂၃)
လင်းတို့ အိမ်ရှေ့ ကို ရောက်နေပြီဆိုပေမယ့် ခန့်ထည်၏ကားမှန်‌ေတွက စတစ်ကာ အမည်းရောင်‌ေတွကပ်ထားတာမို့ ကားထဲကို မမြင်နိုင်ဘူး။
ဒါကို အခွင့်အရေးယူပြီး ခန့်ထည်က ကားပေါ်က ဆင်းခါနီး ဖြစ်တဲ့ လင်းကို ဆွဲပြီး ပါးဖောင်းဖောင်းလေးကို နမ်းလိုက်သည်။လင်းကလည်း ခိုးခိုးခစ်ခစ် ရယ်ပြီး ခန့်ထည်၏ ပါးကို ပြန်နမ်းသည်။
"မနက်ဖြန် ပိတ်ရက်ဆိုတော့ မနက်အစော ကိုယ်လာကြိုမယ်နော် သဲ
ရေကူးရအောင်လို့"

"ဟုတ်ကဲ့"

"ကိုယ့်ကို ချစ်လား?"

"အင်း.....ချစ်တယ်"

ဒီနေ့တော့ အပန်းဖြေအိမ်မှာ နေဖို့ လင်း ကို ဆွဲမထားဖြစ်ပဲ လင်းတို့ အိမ်ကို လိုက်ပို့ ဖြစ်တာမို့  လင်း ကားပေါ်က မဆင်းခင် အလွမ်းသယ်နေတာ ဖြစ်သည်။

"ကိုယ် အိမ်ပြန်ရောက်တာနဲ့ ဖုန်းဆက်လိုက် မယ်နော် လင်း"

"အေးပါ"
ခန့်ထည် ၏ကားလေး ထွက် မသွား မချင်း လင်းက လက်လေး ပြကာ ကျန်ရစ်ခဲ့သည်။
လင်း အိမ်ထဲဝင်လာကာ အပေါ်ထပ်သို့ တက်လာခဲ့သည်။သူ့အခန်းလေးထဲက ကုတင်ပေါ်သို့ တက်ကာ လဲလှောင်း နေတုန်း မေမေက အခန်းထဲသို့ ဝင်လာသည်။

"သား ပြန်ရောက်ပြီလား?"

"ဟုတ်ကဲ့ မေမေ"

"သားကို ပြောစရာ ရှိတာကို သားနဲ့က အေးအေးဆေးဆေး မတွေ့ဖြစ်ဘူး"

"ဟုတ်ကဲ့ ပြောပါမေမေ"

"သားအဖေက တနေ့က ဘာစိတ်ကူးပေါက်လို့ရယ် မသိဘူး.....
သားနဲ့ ခန့်ထည်‌ေလးနဲ့ အခုတလော တတွဲတွဲဖြစ်နေသလိုပဲတဲ့ LGBT ဆိုလား? ဘာဆိုလား သူလည်းသေချာမပြောတတ်ဘူး မေမေလည်းသေချာမပြောတတ်ပါဘူး သားရယ်
ယောက်ျားလေးချင်း ချစ်သူဖြစ်ကြတာကို ပြောတာ ....သားရေ
မင်းအဖေက မင်းတို့ ကို အဲ့လို ဖြစ်မှာ စိုးရိမ်နေတာ.....
မေမေကတော့ ပြောလိုက်ပါတယ်
သူတို့က ကလေးဘဝကတည်းက သူငယ်ချင်းတွေလို့ .....ဟင်းဟင်း"

မေမေက ရယ်နေပေမယ့် လင်းကတော့ မရယ်နိုင်ပါဘူး။မေမေ့မျက်နှာကိုပဲ အဖြေရှာသလို ကြည့်နေမိတယ်။

အချစ်ဆီမှ အစပြု၍(Complete)Where stories live. Discover now