part 19

6.5K 249 0
                                    

အချစ်ဆီမှ....အစပြု၍
အပိုင်း(၁၉)
လင်းက ရေကူးရတာကို ကြိုက်တဲ့သူမို့
ရေကူး ကလပ် ကို အသင်းဝင်ထားသူဖြစ်သည်။
ရေပေါ်ကနေ တက်လာပြီး အဆင်သင့်ယူထားတဲ့ သဘက်နဲ့ ခန္ဓာကိုယ် အောက်ပိုင်း ကို ပတ်လိုက်သည်။ချန်ပီယံလည်း မဟုတ်တာမို့ လင်း ရေထဲကတက်လာရင် သည်းသည်းလှုပ်အားပေးမယ့် ကောင်မလေးတွေလည်း ရှိမနေပါ။

အကြာကြီး ရေထဲမှာ နေလိုက်တာမို့ အချိန်တောင် တော်တော်လင့်နေပြီ။ရေကူးကန်နံဘေးမှာ လူတောင်ရှင်းနေပြီ။

အဝတ်အစားတွေ လဲတဲ့ အခန်းထဲ ဝင်လာတော့ ထိုင်ခုံတန်းလျားလေးပေါ်မှာ ဖိနပ်တွေလဲဝတ်နေတဲ့ စီနီယာ အကိုကျော်ဝါ့ကိုတော့ တွေ့သည်။

"အကို ဒီနေ့ ရေထဲမှာ အကြာကြီး မနေဘူးနော်"
လို့ လင်း က နှုတ်ဆက်လိုက်သည်။ပြီးတော့ လင်း၏အဝတ်အစားတွေ၊ဖိနပ်တွေ၊ကျောင်းလွယ်အိတ်တွေ ထားတဲ့ လော်ကာ ကို ဖွင့်ကာ သဘက်ကို ထည့်လိုက်သည်။

နောက်ကနေ လက်နှစ်ဖက်ကို လော်ကာခန်းတွဲပေါ် လှမ်းထောက်ကာ လင်းကို အုပ်မိုးလိုက်တဲ့ တစုံတယောက်ကြောင့် လင်း က လှည့်ကြည့်လိုက် မိသည်။

"ဟင် အကိုကျော်ဝါ ဘာ လုပ်တာလဲ?"

"လင်း  ခန့်ထည်နဲ့ တွဲနေတာလား?"

မေးခွန်းကိုသာ မေးတာ အကိုကျော်ဝါက လော်ကာခန်းတွဲတွေပေါ်မှာ ထောက်ထားတဲ့ လက်နှစ်ဖက်ကို မဖယ်ပေးသေး။

"ဪ ဒါလေးမေးမှာကို ဒီလိုကြီး လုပ်ထားစရာ မလိုပါဘူး အကိုကျော်ဝါကလည်း ......ဟုတ်တယ် ကျတော်နဲ့ ခန့်ထည်တွဲနေကြတာ"

"ငါ့ကို ကြည့်အုံး လင်း"

"ဘာ...ဘာလို့လဲ?"

"ငါ့မှာလည်း ကြွက်သားတွေ ရှိပါတယ်။အရပ်အမောင်းလည်း ခန့်ထည်လောက်ပါပဲ။ငါကပိုပြီးတော့တောင် မေဂျာကောင်းသေးတယ်။ရုပ်ရည်လည်း အတူတူလောက် ချောတာပါပဲ။

ငါနဲ့ တွဲမလား ? လင်း"

လို့ပြောပြီး အဝတ်အစား မဝတ်ရသေးတဲ့ သူ့ရဲ့ ခန္ဓာကိုယ်ပေါ်က ကြွက်သားတွေကို ပြနေသည်။
ဟင်.....ဒါက ဘယ်လို အနေအထားကြီးလဲ? အကိုကျော်ဝါ့ကိုကြည့်ရတာ လင်းက ခန့်ထည်ကို တွဲတာဟာ ‌ကိုယ်ခန္ဓာတောင့်တင်း လှပလို့၊အရပ်အမောင်းကောင်းလို့၊မေဂျာကောင်း လို့ ရုပ်ရည်ချောမော လို့ လို့ ထင်နေပုံရသည်။

အချစ်ဆီမှ အစပြု၍(Complete)Onde histórias criam vida. Descubra agora