part 06

9K 381 2
                                    

အချစ်ဆီမှ အစပြု၍
အပိုင်း(၆)
လင်း ၏ အနီရောင်ကားလေးပေါ်မှာဖြစ်သည်။ကားကို မောင်းနေသူကတော့ လင်းမဟုတ်။ခန့်ထည် ဖြစ်သည်။ကားမောင်းနေရင်းကနေ ခန့်ထည်က လင်းကို တချက်၊တချက် ငေးမိသည်။လင်းက သူကြိုက်သည့် သီချင်းတွေကို ဖွင့်ကာ လိုက်ဆိုပြီး ခန္ဓာကိုယ်ကိုပါ လှုပ်ယမ်းပြီး စည်းချက်လိုက်နေသည်။
ပါးဖောင်းဖောင်းလေးတွေ၊လုံးလုံးဖောင်းဖောင်း ရှည်ရှည်သွယ်သွယ် လက်ချောင်းလေးတွေ၊ခြေတံ၊လက်တံနှင့် ခါးသွယ်သွယ်လေးတွေ ၊နှုတ်ခမ်း လုံးလုံး နီနီလေးတွေ၊ဆံနွယ် စင်းစင်း လုံးလုံးလေးတွေ နှင့် ကော်လံ အပြားအကြီးကြီးပါသည့် ကော်ဖီရောင် ဆွယ်တာလေးကို ဝတ်ထားသည့် လင်း က တောက်ပကာ ချစ်စရာကောင်းလွန်းလှသည်။
အဲ့ဒါထက် အခုလိုလေး စိတ်ထဲရှိတဲ့ အတိုင်း သီချင်းတွေကို အော်ကာ ဟစ်ကာ လိုက်ဆိုနေပုံလေးကို ခန့်ထည်က ပိုပြီး ချစ်ခဲ့ရသည်။

လင်းရဲ့ စာဖတ်ပုံလေးတွေ
သူငယ်ချင်း သုံးယောက်ဆုံကြလျှင် စကားတွေပြောကြလျှင် လင်းစကားပြောပုံလေးက လုပ်ယူထားသည့် ပုံစံမျိုး မဟုတ်ပါပဲ ချစ်စရာကောင်းလွန်းလှသည်။
ပြီးတော့ လမ်းလျှောက်ပုံလေးတွေ
ရယ်မော နေပုံလေးတွေ က အစ တကယ်ချစ်စရာကောင်းလွန်းလှသည်။

ကားကို ကျောင်းရှေ့က ကားပါကင်မှာ ထိုးရပ်လိုက်ပြီး ခုထိ သီချင်းထဲ ဈာန်ဝင်နေသေးတဲ့ လင်းအနားသို့ ကပ်လိုက်ပြီး ထိုင်ခုံခါးပတ်ကို ဖြုတ်ပေးလိုက်မိသည်။အမှန်က ဒီထက် ပိုနီးတဲ့ ရပ်ဝန်းထိ ပိုပြီး တိုးကပ်ချင်ခဲ့တာပါ လင်း။

ရုတ်တရက်ကြီး ခန့်ထည်က ထိုင်ခုံ ခါးပတ်ကြိုးကို လာဖြုတ်ပေးနေတာကြောင့် လင်းက ခန့်ထည် ရင်ခွင်နဲ့ အရမ်းနီးနေတာမို့ ရှက်ကာ မျက်နှာကို ဘယ်လို ထားရမလဲ မသိ ဖြစ်ရသည်။
ထိုင်ခုံခါးပတ်ဖြုတ်‌ေပးနေသည့် ခန့်ထည်ကို ကြည့်ကာ လင်း၏ နှလုံးသားလေးမှာ တဆတ်ဆတ်ခုန်နေလေသည်။
လင်းလည်း ကိုယ့်ကိုယ်ကိုယ် မယုံနိုင်လို့ ကိုယ့်ရင်ဘတ်ကို ကိုယ်ပြန်စမ်းနေရသည်။
"နေပါဦး အခု ငါက ငါက ရင်ခုန်နေတာလား?"
ဟုပင် ကိုယ့်ကိုယ်ကိုယ် ပြန်မေးနေရသည်။

အချစ်ဆီမှ အစပြု၍(Complete)Where stories live. Discover now