part 16

7.8K 301 0
                                    

အချစ်ဆီမှ အစပြု၍(BL Fic)
အပိုင်း(၁၆)

ဦးထည်၏ အပြုအမူကြောင့် အီယာယာနှင့် ခန့်ထည်က တယောက်၏မျက်နှာကို တယောက်က အလိုအလျောက် ကြည့်မိသွားကြသည်။ခန့်ထည်က ရုတ်တရက် ထလာပြီး လင်း၏ ရှေ့ကို ဝင်ရပ်လိုက်ကာ

"ဦးထည်  လင်းက သားနဲ့ တွဲနေတာ
သားကောင်လေး နဲ့ ဒိတ်ခွင့်မပြုနိုင်ဘူး"

လို့ ဒေါသသံနှင့် ပြောလိုက်သည်။

ခန့်ထည်၏ အပြုအမူကြောင့် ဟန်ထည်က ခန့်ထည်နောက် မှ လင်းကို ငုံ့ကြည့်လိုက်လေသည်။

"ဟုတ်လား လင်း"

ဟူ၍လည်း မေးလိုက်သေးသည်။
လင်းက သူ့လက်နှစ်ဖက်ကို ပွတ်ကာ
ခေါင်းကို ငုံ့ချလိုက်ပြီး

"ဟုတ် ဟုတ်ပါတယ် ကိုကိုဟန်ထည်"
ဟု ပြောလိုက်သည်။

ခန့်ထည်က လင်း၏ လက်ကို သူ၏လက်နှင့် ဆုပ်ကိုင် လိုက်သည်။

မယုံကြည်နိုင်သော ပုံစံနှင့် တုန်လှုပ်‌သွား‌ေသာ ဟန်ထည်
တ ‌ေယာက် အခန်းထဲကထွက်သွားတဲ့ အခါ
ခန့်ထည်က လင်းကို ရုတ်တရက် နံရံမှာ ကပ်သွားအောင် တွန်းကပ်လိုက်သည်။
ခန့်ထည်ပုံစံက ဘာကိုမှ မမြင်နိုင်တော့လောက်အောင် ဒေါသတွေ၊သဝန်တိုမှုတွေ၊မနာလိုမှုတွေ မွှန်ထူနေတဲ့ ပုံစံမို့ လင်းက ဘာမှ မတားမြစ်ပဲ အလိုက်သင့်လေး နံရံမှာ ကပ်သွားတဲ့ အခါ
ခန့်ထည်၏ ပူလောင်ပြင်းရှသော အနမ်းတွေက လင်း၏ လည်ပင်တလျှောက်၊နားရွက်၊မေးစေ့တွေ ပြီးတော့ လင်း၏ နှုတ်ခမ်းတွေပေါ်မှာ ဆုံးသွားသည်။
လင်း၏ နှုတ်ခမ်းတွေကို ခန့်ထည်၏နှုတ်ခမ်းတွေက အငမ်းမရ၊ဒေါသတကြီး၊လက်လွတ်မခံနိုင်တော့သော၊အပိုင်စီးလိုသော ၊ချစ်သော၊
တပ်မက္ သော  စိတ်ခံစားချက် အစုံအလင်ဖြင့် အဆုံးမရှိ နမ်းစုပ်နေလေသည်။လင်းက ဘာမှ မပြော
ဒီပူလောင်ပြင်းရှမှုတွေ တရှိန်းရှိန်းတောက်လောင်နေသော ယောက်ျားပျိုလေးကို သူချစ်သည်။

ချစ်သူ၏ရှေ့မှာ တခြား လူတယောက်ကို မငြင်းဆန်နိုင်အောင် အကျင့်ပါနေတာကိုလည်း သူ့ကိုယ်သူ အပြစ်တင်နေမိသည်။

ခန့်ထည်၏ ကိုယ်ခန္ဓာပေါ်မှာ ကပ်ငြိနေသော မိစ္ဆာကို ထကြွလာအောင် လုပ်မိတာလည်း သူကိုယ်တိုင်ပင် ဖြစ်ခဲ့သည်ကိုး ဆိုပြီး လွှတ်ပေးနေမိသည်။သူကိုယ်တိုင်ရော သာယာနေမိမလား မပြောနိုင်ပေ။

အချစ်ဆီမှ အစပြု၍(Complete)Tempat cerita menjadi hidup. Temukan sekarang