part 10

8.3K 312 0
                                    

အချစ်ဆီမှ ....အစပြု၍
အပိုင်း(၁၀)
ကိုကိုဟန်ထည် ရောက်နေတယ်လို့ သိသိချင်း လင်း အရမ်းပျော်သွားခဲ့သည်။ကိုကိုဟန်ထည်ရှိရာ ကို ခုန်ပေါက်ပြေးလွှား လာခဲ့သည်။
တွေ့ပါပြီ။
ကိုကိုဟန်ထည်က အရမ်းကို စမတ်ကျကျ ဝတ်စားကာ ပန်းခြံထဲက ခုံပေါ်မှာ ထိုင်နေရင်း ကော်ဖီဗူး နှစ်ဗူး ကို ကိုင်ထားသည်။
ပြေးလာသည့် လင်းကို ပြုံးပြုံးလေး ကြည့်နေသည်မှာ ချောလိုက်တာ၊ခန့်လိုက်တာ၊စမတ်ကျလိုက်တာ ဟု တွေးရင်း လင်း လည်း ပြေးနေရာမှ ခပ်မြန်မြန်လေး ပြေးကာ ကိုကိုဟန်ထည့် အနား မြန်မြန်ရောက်သွားချင်လှပြီ။

"ဖြည်းဖြည်း လာပါ လင်းရဲ့"

သူ့လက်ထဲက ကော်ဖီဗူးကို ကမ်းပေးရင်းကိုကိုဟန်ထည်က ပြောသည်။

"ကိုကိုဟန်ထည် စောင့်နေရမှာကို အားနာလို့"
ကိုကိုဟန်ထည်က ဘာမှ ပြန်မပြောပဲ လင်းကို ပြုံးပြုံးကြီး စိုက်ကြည့်နေပြန်သဖြင့် လင်း ရှက်သွားရသည်။
ဘာပဲဖြစ်ဖြစ် ကိုကိုဟန်ထည်နှင့် အတူတူ ထိုင်နေရတာမို့ လင်းပျော်ပါသည်။
အသာလေးပင် ငုံ့ကာ ကော်ဖီသောက်နေမိသည်။

ခဏတိတ်ဆိတ်သွားသည်။တိတ်ဆိတ်‌ေနတာကို မကြိုက်တာမို့ လင်းက ခေါင်းမော့ကာ စကားပြောမည် ပြင်နေတုန်းပင်
ဖုန်းမြည်သံကြားရသည်။
ကိုကိုဟန်ထည်၏ ဖုန်းမှဖြစ်သည်။

"မကိုင်ပါနဲ့ ကိုကိုဟန်ထည် လင်းနဲ့ပဲ အကြာကြီး စကားပြောပါ၊အတူရှိနေပါ"

လို့ လင်း စိတ်ထဲက ပြောနေမိသည်။
ဒါပေမယ့် ကိုကိုဟန်ထည်က ဖုန်းကိုင်လိုက်သည်။

"ဟာ ဟုတ်လား? ဒါဆို ကိုယ်အခုပဲ လာခဲ့မယ် ၊ဟုတ်ပြီ၊ဟုတ်ပြီ အခုထွက်လာပြီ"
ဖုန်းချလိုက်ပြီး။လင်းကို ခွင့်တောင်းသည့် အပြုံးနှင့်ကြည့်ကာ
"လင်း ကိုယ် ပွဲတခု လုပ်မှာမို့ စီစဉ်သူတွေနဲ့ ဆုံစရာရှိလို့ ကိုယ့်ကို ခွင့်ပြုပါအုံးနော်"
လင်းလည်း ဘာမှ မတတ်နိုင်ပဲ ပြုံးပြုံးလေးခေါင်းညိမ့်ပြလိုက် မိသည်။ကားပေါ်တက်ကာ မောင်းထွက်သွားသည့် ကိုကိုဟန်ထည့်ကို ကြည့်ကာ လင်းဒီအတိုင်းလေး ကျန်နေရစ်ခဲ့ရသည်။

အချစ်ဆီမှ အစပြု၍(Complete)Kde žijí příběhy. Začni objevovat