part 04

10.1K 469 13
                                    

အချစ်ဆီမှ အစပြု၍
အပိုင်း(၄)
ဒီနေ့တော့ ကိုကိုဟန်ထည်နှင့်ပထမဦးဆုံး ကော်ဖီဒိတ် လုပ်လို့ရတဲ့နေ့ ဆိုတော့ မနက်ခင်းမှာ အစောကြီးနိုးနေသည်။
ရေချိုးရင်း လင်းဆံပင် တိုတို
‌ေဖာင်း‌ေဖာင်းစင်းစင်းအိအိ လေးတွေကိုပါ လျှော်လိုက်သည်။လက်သည်း၊ခြေသည်းလေးတွေကိုပါ သန့်အောင် ညှပ်ပြီး အကြိတ်ကြိမ်၊အခါအခါ ပွတ်တိုက်ဆေးကြောခဲ့သည်။

နေလောင်ကာ ခရင်မ်၊နေလောင်ကာ Lotion တွေပါ လိမ်းကာ ၊နေကာမျက် မှန်ကိုပါ တပ်လာခဲ့သည်။ အဖြူတခြမ်း၊အနက်တခြမ်း တီရှပ်လက်ရှည်လေးနှင့် လင်းက ဖယောင်းရုပ်တုလေးလို ချစ်စရာကောင်းလှသည်။

အမိုးဖွင့်ကား အနီရောင်လေးကိုပါ မောင်းလာတာကြောင့် ကော်ဖီဆိုင်၏ ရှေ့ဘက်မျက်နှာစာမှာ လွတ်လွတ်လပ်လပ် ထိုင်နေကြတဲ့ မိန်းကလေး အဖွဲ့ဆီမှ အကြည့်များ၊မေ့ငေါ့ပြသမှုများ၊တီးတိုးမေးမြန်းလက်တို့သော စကားများနှင့် အာရုံစိုက် မှုတော်တော်များများက လင်းဆီမှာ .....သာ။

"ချစ်စရာလေး"

"ကိုက်စားချင်စရာလေး"

"ဖောင်းဖောင်းလုံးလုံးလေး"

လင်းကတော့ မျက်နှာစာမှာ ထိုင်ရတာ ကိုမနှစ်သက်ပါဘူး။အဲယားကွန်းပါတဲ့ အတွင်းဘက်အခန်းကိုသာ ရွေးချယ်လိုက်တယ်။လူသန့်တယ်၊မျက်စိမနောက်ဘူး၊သီးသီးသန့်သန့် နေတတ်သူ
လေးသာ လာထိုင်ကြတာများတယ်။

ကော်ဖီသောက်ရင်းနဲ့ ဆိုင်ထဲမှာ ခင်းကျင်းပြသထားတဲ့ အလှစိုက်ပန်းပင်လေးတွေကို ငေးအုံးမလား? ဆယ်ဖီဆွဲအုံးမလား?

နံရံက စာအုပ်စင်ပေါ်က ကိုယ်နှစ်သက်ရာ စာအုပ်တအုပ်ဝယ်ပြီး အစ/အဆုံး ထိုင်ဖတ်အုံးမလား? ဒါမှ မဟုတ် နံရံမှာ ရောင်းချရန်ပြသထားတဲ့ ပန်းချီကားတွေကို ငေးကြည့်ရင်း အချိန်ဖြုန်းမလား? တော်တော်အဆင်ပြေတဲ့ ဆိုင်တဆိုင် ဖြစ်ပြီး အချိုပွဲလေးတွေကိုပါ ဝယ်စားလို့ ရသေးတာမို့ လင်းက ငယ်ငယ်ကတည်းက ဒီဆိုင်မှာ စာလာလုပ်လေ့ရှိခဲ့သည်။

တိုးတိုးလေးသာ ပျံ့နှံ့လာတဲ့ classic ဆန်တဲ့ ဂီတသံလေးနှင့် "အေးအေးလေးနှင့် ငြိမ့်ငြိမ့်လေး" အတွေးတွေနှင့် စီးမျောချင်ကြသူတွေအတွက် တော်တော်အဆင်ပြေသည်။

အချစ်ဆီမှ အစပြု၍(Complete)Nơi câu chuyện tồn tại. Hãy khám phá bây giờ