part 20

7.4K 239 0
                                    

အချစ်ဆီမှ......အစပြု၍(BL)
အပိုင်း(၂၀)
ပြီးတာနှင့်
ခန့်ထည်က စိတ်မြန်၊လက်္မြန်ပင် သူ၏ ဗီရိုထဲက အဝတ်အစားတွေ၊စားပွဲခုံပေါ်မှ ပစ္စည်းတွေ အားလုံးကို သူ့ခရီး‌ေဆာင်အိတ်ထဲ စုကာ ထည့်တော့သည်။

"ဘာ လုပ် မလို့လဲ ? ခန့်ထည်"

"လာ သဲ ဒီညကို အပြီးရွှေ့မယ်.....
ဒီနေရာမှာ နေချင်စိတ် နည်းနည်း မှ မရှိတော့ဘူး ဒီကနေ အနီးဆုံး အပန်းဖြေအိမ်ကို သွားမယ်"

ပြောလည်းပြောသည်။အိတ်ကို တဖက်၊လင်း၏ လက်ကို တဖက်ဆွဲကာ ခန့်ထည်က တိုက်ခန်းပေါ်မှ ဆင်းချလာသည်။ခန့်ထည်တို့ မိဘတွေ မှာ အပန်းဖြေအိမ်တွေ အများကြီး ရှိသည်။ကွန်ဒိုတွေလည်း ရှိသည်။အခု နေနေတဲ့ အဆောင်တိုက်ခန်းက ကျောင်းနှင့်လည်း နီးသည်။ခန့်ထည်၏ အမေပိုင်ဆိုင်သော အဆောင်တိုက်ခန်းတွဲ ပင်ဖြစ်သည်။

ဒါပေမယ့် လက်ရှိအခြေအနေအရတော့ ဒီတိုက်ခန်းတွဲမှာ ဆက်နေဖို့ ခန့်ထည်အတွက် မဖြစ်နိုင်တော့။ခန့်ထည်၏ မဟုတ်မခံ ဆတ်ဆတ်ကြဲ စိတ်နှင့်လည်း အဆင်ပြေမည် မထင်။လင်း ကိုယ်တိုင်ကလည်း မပျော်ရွှင်တော့။

တကယ်ဆို လင်းက အိမ်မှာ မိဘတွေနှင့် အတူနေထိုင်နေသည့် တက္ကသိုလ် ကျောင်းသားတယောက်သာ ဖြစ်သည်။
တခါတလေ လေး ချစ်သူနှင့် အတူရှိချင်လို့ အိမ်မပြန်ဖြစ်တာရပေမယ့် အမြဲတမ်း အတူတူနေခွင့် မရနိုင်သေးသော လူငယ် တယောက်ဖြစ်သည့်အလျောက် တခါတရံ ဆုံတွေ့ရသည့် အခန်းတွင်း ဒိတ်သည့် ညများ၌ ပျော်ပျော်ရွှင်ရွှင်သာ နေချင်သည်။ဘယ်သူ တဦးတယောက်ဆီကမှ စိတ်ကို ညစ်ညူးစေသော စကားများ၊အပြုအမူများ၊အပြစ်တင်ငြူဆူမှုများကို ခံယူလိုခြင်း လည်း မရှိချေ။

ထို့ကြောင့်သာလျှင်
ခန့်ထည်၏နောက်သို့ ‌သာ ကောက်ကောက်ပါအောင် လိုက်ခဲ့ခြင်းဖြစ်သည်။
...................
လင်း အိပ်ရာက နိုးလာတော့ ခန့်ထည်က မနိုးသေးပေ။နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော ခန့်ထည်ကို ကြည့်ကာလင်း က ပြုံးချင်ချင်။
ညက ညဉ့်နက္ မှ ရောက်လာကြတာမို့
ရပ်ကွက်ထဲက ဆိုင်တဆိုင်မှာသာ ညစာစားဖြစ်သည်။ပြီးတော့ တကိုယ်ရည် သန့်ရှင်းရေး လုပ်ပြီးနောက် နှစ်ယောက်သား အိပ်ရာပေါ်ဝယ် အိပ်ပျော်သွားခဲ့ကြသည်။ဘာမှ ချစ်ကြည်နူးတာတွေမှ မလုပ်ဖြစ်ခဲ့ကြ။

အချစ်ဆီမှ အစပြု၍(Complete)Where stories live. Discover now