part 13

7.6K 298 0
                                    

အချစ်ဆီမှ.. အစပြု၍(BL Fic)
အပိုင်း(၁၃)
လင်းက ပြတင်းပေါက်ကနေ အပြင်ကို ငေးနေမိတယ်။ဘာအကြောင်းအရာမှလည်း မရှိပဲနဲ့ပေါ့ နိုင်ငံရပ်ခြားကို သူငယ်ချင်းတွေ မပါပဲ ကျောင်းသွားတက်ရမှာကို ပူပန်တာရယ်၊ကိုကိုဟန်ထည်က လင်းကို တကယ်မစွဲလမ်းဘူးဆိုတဲ့ အတွေးရယ်၊ခန့်ထည်အကြောင်းရယ် ဆိုပြီး အတွေးတွေ သိပ်များနေတာ၊
ပြီးတော့ လင်းကရော ခန့်ထည်အကြောင်း‌ကို ဘာလို့ တွေးနေမိတာလဲ လို့ ကိုယ့်ကိုယ်ကိုယ် ပြန်တွေးနေပြီးမှ ပါးပြင်လေးတွေ၊နားရွက်လေးတွေ ၊လည်ပင်းလေးတွေ နီရဲနေအောင် ရှက် မိပြန်ပါသည်။

"လင်း ရှိလား ? အန်တီ"

ပြတင်းပေါက် မှာ ရပ်နေရာ လင်းက ကုတင်ပေါ် သို့ ပြေးထိုင်လိုက်သည်။ခန့်ထည်၏ အသံကို ကြားလိုက်ရသည် မဟုတ်လား?

"ရှိတယ် သားရေ သူ့အခန်းထဲမှာ ထင်တယ်"
အပေါ်ထပ်ကို တက်လာသည့် ခြေသံတွေကိုကြားရသည်။ငါက ဘာလို့ စိတ်လှုပ်ရှားနေရတာလည်း လို့ လင်းက ကိုယ့်ကိုယ်ကိုယ် ပြန်မေးနေမိသည်။
လင်းလည်း သေချာမသိပါဘူး။

ခြေသံတွေရဲ့ အဆုံးမှာ တံခါးခေါက်သံကိုကြားရသည်။
"ဒေါက် ဒေါက်"

"လင်း ရေ ငါတောင်းပန်ပါတယ်နော်
ငါရည်ရွယ်ချက်ရှိရှိနဲ့ ကြံစည်တာတော့ မဟုတ်ပါဘူး။ငါမှားသွားပါတယ်။ခွင့်လွှတ်ပါလို့ လည်း မတောင်းဆိုချင်ပါဘူး.........ငါက မင်းပြောသလိုပဲ အခွင့်အရေးသမား ပါ၊မင်း ပြောတာ မှန်ပါတယ် လင်းရေ၊ဒါပေမယ့် မင်းကို ချစ်တာတော့ အမှန်ပါ၊ငါမင်းကို ချစ်တယ် လင်း၊ဘယ်အချိန်က စ ချစ်မိလည်း ငါမသိပေမယ့် ငါသိတဲ့ အချိန်မှာ ရုန်းမထွက်နိုင်တော့ဘူး "

လင်းက တိတ်ဆိတ်နေသည်။တံခါးဖွင့်မပေးပေမယ့် လင်းတယောက် အခန်းထဲမှာ ရှိတာကိုလည်း ခန့်ထည်သိသည်။
လင်းက သူပြန်ကြားနေရတဲ့ သူ့အသက်ရှူသံပင် သူမကြားချင်လောက်အောင် တိတ်ဆိတ်နေချင်သည်။ရင်ထဲမှာတော့ ဝုန်းဒိုင်းကြဲနေအောင် စိတ်လှုပ်ရှားနေမိသည်။

"တောင်းပန်ပါတယ် လင်း၊ငါ့ကို ခွင့်မလွှတ်ပါနဲ့ ၊မုန်းတော့ မမုန်းပါနဲ့နော်၊ပြီးတော့ ငါမင်းကို အခုရော၊နောက်ရော ချစ်နေအုံးမှာပဲ"

အချစ်ဆီမှ အစပြု၍(Complete)Où les histoires vivent. Découvrez maintenant