part 29

4.6K 166 0
                                    

အချစ်ဆီမှ..အစပြု၍ (BL Fiction)
အပိုင်း(၂၉)
အခုရက်ပိုင်း အတွင်း ဟန်ထည်တယောက် စိတ်တွေလေလွင့်နေသည်။
ဒီယံ့ကို သတိရနေတာ လည်း အမှန်ပင်ဖြစ်သည်။ဒီယံလေးကို သတိရနေပေမယ့် ဒီယံ့ အမေဆိုသူကို တွေးကြည့်လိုက်တော့လည်း စိတ်ထဲ လေးလံလာရသည်။

သားခန့်တို့ အမေကတော့ သည်းခံနိုင်ပါ့မလား? စဉ်းစား ဟုဆိုသည်။
တခါတလေကျတော့ အချစ်ဆိုတဲ့ အရာက စဉ်းစားနိုင်စွမ်းတွေထက် ပိုမိုကျော်လွန် သွားတတ်ကြသည် ဆိုတာ အမ မသိလေရော့သလား? လို့ ပြန်ပြောရအောင်ကလည်း ကိုယ့်အတွက်ပြောတာ ဖြစ်နေပြန်သည်။

အခုတော့ တွေ့ဆုံဆွေးနွေးပွဲ ပြီးတာတောင် ပြန်ရမယ့် ရက် မှာ မပြန်ချင်သေးပဲ ဒီနိုင်ငံမှာ သောင်တင်ကာ
တ ‌ေယာက်တည်းလေလွင့်နေလိုက်သည်။ အကိုနှင့် အမကိုတော့ အပေါင်းအသင်းများ နှင့် လည်ပတ်နေသည်ဟုသာ ပြောထားခဲ့သည်။

လက်ကိုင်ဖုန်းကို လည်း မကိုင်ဖြစ်ပဲနေနိုင်သမျှ နေလိုက်အုံးမည်ဟု တွေးထားသည်။ဒီနိုင်ငံမှာ ဝယ်ထားသည့် အပန်းဖြေအိမ်လေး ထဲတွင် နေ့နေ့ညည အရက်သောက်နေမိသည်။

ယခုလည်း အမြည်း လုပ်ရန်အတွက် လမ်းထိပ်က စတိုးဆိုင်တဆိုင်တွင် ဈေးဝယ်ပြီး ပြန်လာခဲ့သည်။အိမ်ကိုပင် ဖုန်းမဆက်တာ ကြာပြီ မို့ ဖုန်းကို စက်ပိတ်ထားရာက ဖွင့်လိုက်သည်။

ဖုန်းခေါ်ထားသည့် အကြိမ်ရေ များစွာကို တွေ့ရသည်။လွန်ခဲ့သော သုံးရက်ခန့်အထိ ခေါ်ထားတာက ဒီဒီ့ဆီက ဖြစ်ပြီး
သိပ်မကြာခင်ကမှ ခေါ်ထားတာ အမဆီက ဖြစ်သည်။အမဆီက ခေါ်ထားသည့် အကြိမ်ရေ လည်း များတာမို့ အိမ်မှာ ဘာများ ဖြစ်လို့လည်း လို့ တွေးမိသည်။
ချက်ချင်းပင် အမဆီကို ဖုန်းခေါ်လိုက်မိသည်။

"ဟယ်လို မောင်ဟန်ထည်လား?"

ဖုန်းဝင်ဝင်ချင်း အမကမေးသည်။

"ဟုတ်တယ် အမ အိမ်မှာ ဘာ‌အရေးကြီးတာများ ဖြစ်လိုလဲ?"

"အရေးကြီးတာကတော့ ရှိတယ် ဒါပေမယ့် အိမ်မှာ ဖြစ်တာတော့ မဟုတ်ဘူး။ဒီဒီလေး ရဲ့ အမေလာပြီး မင်းကိုရော အမတို့ကိုရော တောင်းပန်သွားတယ် မောင်ဟန်ထည်"

အချစ်ဆီမှ အစပြု၍(Complete)Where stories live. Discover now