part 28

4.6K 174 0
                                    

အချစ်ဆီမှ....အစပြု၍(BL Fiction)
အပိုင်း(၂၈)
ရှော့ပင်းမောလ် ထဲ ရောက်ပြီဆိုတာနှင့် ခန့်ထည်က ဈေးဝယ်တဲ့ တွန်းလှည်းလေးကို ယူလိုက်သည်။

"သဲ ဒီနေ့ ဘာစားချင်လဲ?"

လင်းသည် ခန့်ထည်ဆီက ဒီလို မေးသံကိုကြားရရင် အရမ်းသဘောကျသည်။
ခန့်ထည်၏ လက္မောင်းကို ဆွဲဖက်လိုက်ပြီး သူစားချင်တာတွေ တခုပြီး တခု အားမနာတမ်း ပူဆာလို့ရတဲ့ စာဖိုမှူးတယောက်ကို အပိုင်ရထားသလိုဆိုတော့ အစားအသောက်ကြိုက်တဲ့ လင်းအတွက် ကံကောင်းမှု တခုလိုပင်

"ဟင်းကတော့ ကိုကို အဆင်ပြေသလို ချက်နော် အချိုပွဲကတော့ အင်း.....
ဒီနေ့ တောင့်တနေတဲ့ အချိုပွဲ ရှိတယ်"

လင်းက သူ့လက် မောင်းကို အဲ့ဒီလိုလေး လာလာဖက်ရင် ခန့်ထည် အရမ်းသဘောကျသည်။သူက တွန်းလှည်းလေးကို တွန်းပြီး လင်းက သူ့လက္မောင်းကို ဖက်ကာ ဘေးကနေ စားချင်တဲ့ အစားအစာတွေ အကြောင်း ရွတ်ပြရင် တကယ်ကို ကြည်နူးပြီး ရင်ထဲမှာ ချိုမြိန်ရသည်။

ကောင်းလေး ငယ်ငယ်ချောချောလေး နှစ်ယောက်တွဲ လာတာမို့ သဘောကျပြီး
"အိုး...."
ဆိုပြီးအူတယားယား နှင့်အကောင်းမြင်ပေးကြသူတွေကိုလည်း တွေ့ရတတ်သလို၊မကောင်းမြင်ပြီး ပွစိပွစိ ပြောနေတတ်ကြသူတွေကိုလည်း တွေ့ရတတ်သည်။
ဘယ်လို လူတွေနဲ့ ပဲတွေ့ ကြုံပါစေ၊လင်းက သူကလွဲရင် ဘယ်သူ့ကို မှ အာရုံမစိုက်တာမို့ ခန့်ထည်လည်း စိတ်ထဲကို မထားမိ။

"ဘာအချိုပွဲတွေများတောင့်တနေတာလဲ? ဟင်သဲ"

"ပေါင်မုန့်ကို အုန်းနို့သာကူစေ့သကြားရည်ဆမ်းထားတာ စားချင်တယ်"

လင်း၏စကားကြောင့် ခန့်ထည် စဉ်းစားရသည်။ထမင်းလည်း စားမယ်။သကြားရည်ပါတာလည်း စားမယ်ဆိုရင် ခန္ဓာကိုယ်အတွက် မကောင်းနိုင်ဘူး လို့လည်း တွေးမိသည်။သို့ပေမယ့် လင်းက ပူဆာနေတော့ ကျွေးဖြစ်အောင်လည်း ကျွေးချင်သည်။

"အချိုပွဲကို အရမ်းချိုလွန်းတာ စားချင်ရင် တပွဲပဲ ရမယ်နော် ပိုမရဘူး သဲ
ကျန်တဲ့ အချိုပွဲတွေက အသီးတွေပဲ စားရမယ် ကြားလား? "

အချစ်ဆီမှ အစပြု၍(Complete)Where stories live. Discover now