part 38

6.6K 158 0
                                    

အချစ်ဆီမှ အစပြု၍
အပိုင်း(၃၈)
ဒီနေ့သည် ခန့်ထည်က လင်းကို အခမ်းအနား တခုနှင့် မြတ်မြတ်နိုးနိုး လက်ထပ်ထိမ်းမြားခဲ့သည့် နေ့ရက်လေး ဖြစ်သည်။
လက်ထပ်စာချုပ်မှာ လက်မှတ်ထိုးဖိုးခွင့်ပြုချက်မရှိသေးတာမို့ အခမ်းအနားကျင်းပတာကိုပဲ လုပ်ခွင့်ရခဲ့ကြသည်။

ခန့်ထည်ရော လင်းပါ အနောက်တိုင်းဝတ်စုံတွေကို ဝတ်ဆင်ကာ ချောမောသန့်ပြန့်တောက်ပနေလေသည်။လျှောက်လမ်းလေး အတိုင်း လင်း၏ဖခင်က လင်း၏ဝှီးချဲလေးကို တွန်းလာကာ ခန့်ထည်ရှိရာဘက်သို့ လျှောက်လာလေသည်။ခန့်ထည်၏အနားသို့ရောက်လျှင် လင်း၏ဝှီးချဲလေးကို ခန့်ထည်၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။

ခန့်ထည်က လင်း၏ဝှီးချဲလေးကို တွန်းကာ လျှောက်လမ်း အဆုံးထိ အတူတူဆက်လျှောက်လာခဲ့လေသည်။

လင်း၏ဝှီးချဲလေးကို တွန်းကာ ခန့်ထည်က အပျော်ကြီး ပျော်နေကာ နှစ်ယောက်အတူတူ လိုက်လံ ဧည့်ခံနေလေသည်။
အီယာယာကတော့ သူတို့နှစ်ယောက်ကို ဖက်ကာ

"ငါ နင်တို့နှစ်ယောက်ကို ခုလိုမြင်ရတာ အရမ်းပျော်တယ်ဟာ လင်း နင့်ကိုလေ ငါ ခန့်ထည်နဲ့ကလွဲရင် စိတ်မချဘူးဟာ။ခန့်ထည် နင် အခုအတိုင်းပဲ မပြောင်းမလဲပဲ လင်းကို ချစ်ပေးရမယ်နော်"
ဟူ၍ပြောကာ လင်းနှင့် ခန့်ထည်ကို တလှည့်စီ ပွေ့ဖက်ပြီး ဝမ်းသာလွန်းလို့ ငိုနေလေသည်။

"ဟေ့ အီယာ နင့်ဟာက အိုဗာဖြစ်နေပြီဟာ"
ဟူ၍ လင်းက အီယာ့ကို ပြန်နှောက်လိုက်လေသည်။သူ့အလှည့်ကျတော့ မချောလေးက စကားတတ်သည်။

"ဘာအိုဗာလည်း လိုတောင်လိုနေသေးတယ် သိလား?"

ပြောသာပြောရသည်လင်းနှင့်ခန့်ထည် တို့ကိုယ်တိုင်လည်း မျက်ရည်ဝဲသည်ပင်။ကလေးဘဝကတည်းက ခုချိန်ထိ အတူတူတွဲလာတဲ့ သူငယ်ချင်းတွေ‌ဖြစ်ခဲ့ကြတာကိုး။

"နင်လည်း ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါအုံး အီယာရယ်"

"ငါ့ကို စိတ်ချပါဟာ ငါက စူပါဝူးမန်းဟ"

ဟူ၍ ချက်ချင်း ပြန်တုံ့ပြန်သော အီယာယာရယ်ပါ။

ဘာပဲပြောပြော လင်းတယောက်လည်းပျော်ရွှင်မိသည် ဆိုပေမယ့် ခန့်ထည်က ပိုပြီး ပျော်ရွှင်သည်။ပြုံးရွှင်နေသည့် ခန့်ထည်၏ မျက်နှာ အမူအရာတွေကြောင့် လင်းလည်း အတိုင်းမသိ ကြည်နူးရသည်။

အချစ်ဆီမှ အစပြု၍(Complete)Where stories live. Discover now