part 11

7.9K 315 0
                                    

အချစ်ဆီမှ ....အစပြု၍
အပိုင်း(၁၁)
"သားခန့် နေမကောင်းဘူး ဆို"

ခန့်ထည်၏ပေါင်ပေါ်မှာ အိပ်နေသော လင်းကို ပါ မြင်သွားကာ သေချာစိုက်ကြည့် လိုက်ပြီး

"လင်းက ဘာဖြစ်နေတာလဲ"?

ဟု ခန့်ထည်ကို မေးသည်။

"သား နေကောင်းပါတယ် ဦးထည်
မျက်စိနာသလို ဖြစ်လို့ ကျောင်းမတက်တာပါ......လင်းက ဘာမှ မဖြစ်ပါဘူး အိပ်ပျော်နေတာပါ"

"ဪ အဲ့ဒါဆိုလည်း နှိုးလိုက်တော့လေ
မမ က မုန့်လာစားဖို့ ပါ မှာလိုက်တယ်"

ကလေးလေးလို အိပ်ပျော်နေတဲ့ လင်းကို ကြည့်ကာ

"ခဏနေရင် နှိုးမှာပါ ဦးထည်  အခုတော့ သူအိပ်ပါစေအုံး"

ဘောင်းဘီ အိတ်ထဲ လက်ကို ထိုးထည့်ရင်း အခန်းထဲမှ ပြန်ထွက်တော့မည် ပြုပြီးတော့မှ ပြန်လှည့်လာကာ

"ဦးထည်က အလုပ်က ခပ်များများ မဟုတ်လား အခုလည်း စာအုပ်ဈေးရောင်းပွဲတော်မှာ ကိုယ်တိုင် လက် မှတ်ထိုးဖို့ သွားရမယ် ဒါလေး လင်းနိုးလာရင် ပေး ပေး အုံး"

လက်ထဲကို ရောက်လာတဲ့ ဖိတ်စာလှလှလေးကို ကြည့်ကာ

"ဘာပွဲလဲ? ဦးထည်"

"ရုပ်ရှင်အောင်ပွဲလေ မနက်ဖြန်ည အပျော်စီးသဘေင်္ာပေါ်မှာ လုပ်မှာ သားခန့်လည်း လာခဲ့ အီယာယာ့ကိုပါ ခေါ်ခဲ့
လေ"

"ဟုတ်ကဲ့"
ပြောပြီး စတိုင်လ်ကျကျ လှည့်ထွက်သွားတဲ့ ဦးထည်နှင့် ခန့်ထည်ကသူ့ကိုယ်သူ ယှဉ်ကြည့်လိုက်တော့ ဦးထည် က အရာရာ ပြည့်စုံနေပြီး သူကတော့ ကျောင်းသားပဲဖြစ်နေသည်။
အိပ်ပျော်နေတဲ့ လင်းကို ငုံ့ကြည့်ပြီး
ခန့်ထည် သက်ပြင်းချလိုက် မိသည်။
ခဏကြာတဲ့အခါ

"လင်း လင်း ထတော့လေ"

ခန့်ထည်က နှိုးလိုက်တာမို့ လင်းမျက်လုံးလေးတွေ ပွင့်လာသည်။အိပ်ရာက နိုးစမို့ထင်သည် နှုတ်ခမ်းလေးတွေက ပိုပြီး ဖူးဖူးဖောင်းဖောင်းလေးဖြစ်နေသည်။ပါးလေးတွေရော ပိုဖောင်းနေသည်။ချစ်စဖွယ်လေး ဖြစ်နေသည်။အို လင်းက အမြဲတမ်းပဲ ချစ်စဖွယ်လေးဖြစ်နေတာပဲဟာ။ဆံပင်ဖောင်းဖောင်းလုံးလုံးလေးတွေ ဝဲကနဲဖြစ်အောင်ပင် ထထိုင်လိုက်သည့် ပုံရိပ်လေးက ငေးမောနေချင်စရာ။

အချစ်ဆီမှ အစပြု၍(Complete)Where stories live. Discover now