part 35

6.2K 180 0
                                    

အချစ်ဆီမှ အစပြု၍
အပိုင်း(၃၅)
ညနေခင်း အချိန်သို့ ရောက်လျှင် ခန့်ထည်က လင်းကို အဝတ်အစားလဲပေးနေသည်။တကယ်ဆို လင်းက ကိုယ်တိုင် အဝတ်အစား လဲဝတ်နိုင်နေပြီ ဖြစ်ပေမယ့် ခန့်ထည်က အကဲပိုပြီး သူကိုယ်တိုင် လုပ်ပေးနေတာပဲ ဖြစ်သည်။
နဖူးပေါ်မှာ ဆံပင်ဝဲဝဲအိအိလေးတွေ ကျနေပြီး၊လုံးလုံး၊ဖူးဖူးဖောင်းဖောင်း၊သွယ်သွယ် ပုံစံလေးတွေ၊ပါးဖောင်းဖောင်း၊နှုတ်ခမ်းဖူးဖူး၊နှာတံလုံးလုံး အသားဖြူဖြူ ဥဥ လေးတွေနှင့် လင်းက ချစ်စရာကောင်းနေသည်။
အစိမ်းနုနုဆွယ်တာလေး နှင့် လုံးစွပ်ဘောင်းဘီရှည် အသားအိအိ၊ အနက်ရောင်လေးကို ဝတ်ပေးလိုက်သည်။

ပြီးတော့ အောက်ထပ်က ကားအနားထိရောက်အောင် ခန့်ထည်က လင်းကို ပွေ့ခေါ်သွားသည်။

လင်းကို ကားထဲထည့် ပြီးမှ လင်း၏အဖေနှင့် အမေရှိရာသို့ ပြန်လာကာ

"အန်တီနှင့် အန်ကယ် လင်းကို ကျတော် မိသားစု ညစာ စားပွဲ ကို ခေါ်သွားခွင့်ပြုပါခင်ဗျ၊နောက် မကျအောင် ပြန်ပို့ပေးပါ့မယ်ခင်ဗျ"

"အေးပါ သားရယ်။
ကားကိုဖြည်းဖြည်းမောင်းသွားနော်၊
အပြန်လည်း မိုးမချုပ်စေနဲ့ကွယ်"

"ဟုတ်ကဲ့ ကျေးဇူးပါ အန်တီ ၊ခွင့်ပြုပါအုံးနော်"

"အေးကွယ် "

ခန့်ထည် ကားထဲကို ဝင်ထိုင်တော့ လင်းက သူ့ကို ကြည့်ကာ

"အဖေက ဘာပြောသေးလဲ?"

"ဘာမှ မပြောပါဘူး အန်ကယ်က စာဖတ်နေတာပဲ"

"အဲ့ဒီလိုမျိုးဆို ငါမင်းကို အရမ်းအားနာတယ် သိလား "

"ရပါတယ်၊တနေ့တော့ သူလက် ခံလာအောင် ကြိုးစားရမှာပေါ့"

"ဘယ်နေ့လဲ?"

"ကလေး တဒါဇင် ရတဲ့နေ့လေ"

ခန့်ထည်၏စကားကြောင့် လင်းက ခန့်ထည်ကို ဖျတ်ကနဲ ရိုက်လိုက်လေသည်။

ခန့်ထည်က လင်း၏ မျက်နှာလေးအနားကို တိုးကပ်ကာ

"ကိုကို ကားမောင်းနေတယ်လေ။
ဘာလဲ သဲက ကလေး မယူချင်ဘူးပေါ့"

"ဘာတွေပြောနေတာလဲ?"

လင်းက ရှက်နေမိတာကြောင့် မျက်နှာလေးတွေ၊လည်ပင်းလေးတွေ၊နားရွက်လေးတွေ ရဲလာသည်။

အချစ်ဆီမှ အစပြု၍(Complete)Where stories live. Discover now