part 01

52.6K 1K 10
                                    

အချစ်ဆီမှ အစပြု၍
အပိုင်း(၁)

"Happy Birthday to you
Happy Birthday to you
Happy Birthday dear My friend
Happy Birthday to you"

မွေးနေ့သီချင်းလေး ပြီးဆုံးသွားရင် သူငယ်ချင်းတွေက လက်လုပ်တီးကြမယ်။ပြီးရင် "လင်း" တယောက် ဖယောင်းတိုင်တွေ မီးမှုတ်ကာ ကိတ်ကိုခွဲရမည်ဟု ဆရာမက သင်ပေးထားသလို အစဉ်တကျ လုပ်မယ်ဆိုပြီးတွေးထားခဲ့ပေမယ့်

အခန်းထဲကို ဝင်လာတဲ့လူတယောက်ကြောင့် အစီအစဉ်တွေဟာ အစဉ်တကျမဖြစ်လိုက်ပါဘူး။

လင်းအပါအဝင် လင်း သူငယ်ချင်းတွေအားလုံးဟာ ဆံပင်အကြေကောက် ခလယ်ခွဲလေးနဲ့ တီရှပ်အဖြူရောင်၊ဂျင်းပြာ ဘောင်းဘီအရှည်ဝတ်ထားတဲ့ လူငယ်လေးကို သာ လိုက်ပြီးငေးမောနေခဲ့ကြတယ် အရာရာကို မေ့မျောပြီးတော့

"ဟော မောင်ဟန်ထည် တူလေးကို လာကြိုတာလား? လာလာ မင်းပါ တခါတည်း ဝင်စားသွား မွေးနေ့ရှင်ကိုလည်း နုတ်ဆက်လိုက်ပါအုံး"

ဖေဖေ့စကားကြောင့် အဲ့ဒီအကိုဟာ လင်း ၏သူငယ်ချင်း ခန့်ထည် ရဲ့ ဦးလေးဖြစ်တယ်ဆိုတာကို လင်းရိပ်စားမိလိုက်သည်။ဖေဖေကတော့ သူ့မိတ်ဆွေ၏ ညီဖြစ်သူကို သူ့သားနှင့်ပါ ခင်မင်ရင်းနှီးစေချင်သည့် စိတ်ဆန္ဒအရ လင်းနှင့် အကိုဟန်ထည်ကို ပါ နုတ်ဆက်စေသည်။

ပြံးပြုံးလေးနှင့် အကိုဟန်ထည်ဟာ လင်းအနားကို တိုးကပ်လာသည်။အကိုဟန်ထည့် ၏အသားအရောင်၊အရပ်အမောင်း၊ကိုယ်ခန္ဓာ အချိုးအဆက်၊မျက်နှာကျပုံ တွေဟာ အချိုးအစားပြေပြစ်ပြီး ကြည့်ကောင်းသည်။ယောက်ျားပီသသည်။တောက်ပနေသည်။

"Happy Birthday ပါ လင်း"

လို့ လေသံတိုးလျလျလေးနှင့် ပီပီသသပြောလိုက်သည်။

အခုမှ အသက်(၅)နှစ်ပြည့်ကာစ လင်း သည် လူပျိုပေါက်ဖြစ်နေသော အကိုဟန်ထည် နှင့်ယှဉ်ရင် ပုပုလေးဖြစ်နေသည်။ဖြူဖြူ ဥဥ တစ်တစ်တုတ်တုတ် လေးဖြစ်သော လင်းက အကို ဟန်ထည်ကို အလိုလို လက်နှစ်ဖက်ကို ဆန့်တန်းပေးမိလျက်သား ဖြစ်နေသည်။

သူ့ကို လက်နှစ်ဖက်ဆန့်တန်းပေးလိုက်သော ကစ်ကစ်တုတ်တုတ် ဖြူဖြူနူနူလေးနှင့် ကလေးငယ်လေးကို ဟန်ထည် ပွေ့ချီပေးလိုက်သည်။

အချစ်ဆီမှ အစပြု၍(Complete)Where stories live. Discover now