Chapter-{24.2}

3.4K 609 7
                                    

Unicode

လာရောက်လည်ပတ်ခြင်း

၀မ်ချီက ကျန်းချိုက်ဟွေ့ရဲ့အမူအရာ ပိုပိုအကျည်းတန်လာတာကိုကြည့်ပြီး သူမပေါက်ကွဲတော့မယ့်အရိပ်အရောင်ကိုမြင်တော့ ငိုနေတဲ့ရော့ဖန်းကို အမြန်သူ့အနားဆွဲလိုက်ကာကိုယ်လုပ်တော်တသိုက်အား ဘယ်လိုနှင်ထုတ်ရမလဲဆိုတာ တွေးနေသည်။
သူ တွေးနေတုန်းမှာပဲ ခပ်လှမ်းလှမ်းမှဘီးလှိမ့်သံနဲ့ ခြေသံကိုကြားလိုက်ရသည်။

ကျန်းချိုက်ဟွေ့နဲ့ အခြားကိုယ်လုပ်တော်များကလည်း ထိုအသံလာရာဆီ ပြိုင်တူလှည့်ကြည့်လိုက်ကြသည်။

ရွှေရောင်လိုက်ကာတွေနဲ့ ခမ်းနားလှတဲ့ဝေါယာဥ်က နေရောင်အောက်တွင် မျက်စိကျိန်းလောက်အောင်တောက်ပနေသည်။
ဝေါယာဥ်ဘေးမှာပါလာတဲ့ ကျူးကုန်းကုန်းကိုသာမမြင်ရင်  နတ်ဘုရားတစ်ပါးဝေါယာဥ်ဖြင့် လူ့လောကသို့ကြွမြန်းလာတာလို့ထင်ရပေမည်။

ဒါပေမယ့်လည်း ကျူးကုန်းကုန်းတစ်ယောက်တည်းနဲ့တင် ကျန်းချိုက်ဟွေ့တို့အုပ်စုကို ထိတ်လန့်သွားစေသည်။
သူတို့ရဲ့ဒေါသနဲ့ပြာနှမ်းနေတဲ့မျက်နှာတွေက ချက်ချင်းလက်ငင်းကို မျှော်လင့်ချင်တွေပြည့်နေတဲ့ အပြုံးမျက်နှာလေးတွေအဖြစ်ပြောင်းသွားကာ ကျူးကုန်းကုန်းအား နတ်ဘုရားတစ်ပါးလိုကြည့်နေကြသည်။

ကျူးကုန်းကုန်းအနားတောင်ရောက်မလာခင် ကျန်းချိုက်ဟွေ့က သူမအ၀တ်အစားများကိုသပ်ရပ်အောင်ပြင်လိုက်ပြီး အရှေ့ထွက်လာကာ နှုတ်ခွန်းဆက်တဲ့အသံနဲ့
"ကျူးကုန်းကုန်း..."

ကျန်းချိုက်ဟွေ့ ဘာမှတောင်မပြောရသေးခင် ကျူးကုန်းကုန်း မျက်နှာသေနဲ့သူမကိုကြည့်လိုက်တော့ သူမတုန်ယင်သွားကာ ပါးစပ်ပိတ်သွားသည်။

ထို့နောက် ကျူးကုန်းကုန်းက အားလုံးရှေ့မှာပဲ ၀မ်ချီရှိရာဆီလျှောက်သွားပြီး
"သခင်လေး၀မ်"

၀မ်ချီကတော့ စိတ်ထဲတွင် နမိတ်မကောင်းတဲ့အရိပ်အရောင်တွေခံစားနေရချိန် ကျူးကုန်းကုန်းက
"သခင်လေး၀မ် အဆင်သင့်ဖြစ်ပြီဆိုရင် ဝေါယာဥ်ပေါ်ကိုတက်ခဲ့ပါ...အရှင့်သားက သခင်လေးကို ဝေါယာဥ်ထဲမှာစောင့်နေပါတယ်"

အာဏာရှင်၏ကိုယ်လုပ်တော်အဖြစ်သို့ကူးပြောင်းလာခဲ့ခြင်း(မြန်မာဘာသာပြန်)Where stories live. Discover now