Chapter-{24.1}

3.4K 596 11
                                    

Unicode

လာရောက်လည်ပတ်ခြင်း

၀မ်ချီအနားကိုမရောက်ခင်မှာပဲ ၀န်းရံနေတဲ့အမျိုးသမီးတွေက သူ့ကိုသတိထားမိသွားကာ
"ကိုယ်လုပ်တော်၀မ် ရောက်လာပြီ"

လေတိုက်ရင်မေ့လဲတော့မတတ်ဖြစ်နေတဲ့ကျန်းချိုက်ဟွေ့က သူမအစေခံအားအမှီပြုပြီး အားတင်းရပ်လိုက်ကာ အပြုံးဖျော့ဖျော့လေးနဲ့
"ရှင်အခုထိနေမကောင်းဖြစ်နေတုန်းပဲလေ...ဘာလို့ အပင်ပန်းခံပြီး ထွက်လာရတာလဲရှင်"

၀မ်ချီ့အတွေးထဲမှာတော့...
ငါ မင်းကိုမောင်းထုတ်မလို့ထွက်လာတာပေါ့ အမျိုးသမီးရယ်...

ခဏကြာတော့ ကျန်းချိုက်ဟွေ့က
"ကိုယ်လုပ်တော်၀မ် ရယ် အစေခံဖြစ်ဖြစ် ကုန်းကုန်းဖြစ်ဖြစ် တစ်ယောက်ယောက်ကိုလွှတ်ပြီး ကျွန်မတို့ကိုကြိုခိုင်းလို့ရပါတယ်...ကိုယ်လုပ်တော်၀မ်ကိုယ်တိုင်ထွက်လာစရာမလိုပါဘူး"

၀မ်ချီ-"....."
သူ့ဘေးမှ ရော့ဖန်းကခေါင်းငုံ့ပြီး နှုတ်ခမ်းစူကာတိုးဖွဖွအသံနဲ့
"မျက်နှာပြောင်တိုက်ချက်က ပြောချင်သလိုကိုပြောနေတော့တာပဲ"

၀မ်ချီ့ခမျာ ကျန်းချိုက်ဟွေ့ဒီလောက်တင်းခံထားနိုင်မယ်လို့ မမျှော်လင့်ထားပေ။
သူက ကျန်းချိုက်ဟွေ့ရဲ့သွေးဆုတ်နေတဲ့မျက်နှာကိုကြည့်ပြီး ၀တ်ကျေတမ်းကျေလေသံနဲ့
"ကိုယ်လုပ်တော်ကျန်းက ဘယ်လိုဖြစ်တာလဲ"

ကျန်းချိုက်ဟွေ့ပြုံးလိုက်ပြီး ခေါင်းအနဲငယ်ခါလိုက်ကာ
"ကျွန်မနဲနဲလောက် ခေါင်းမူးရုံပါ...ဘာမှမဖြစ်ပါဘူး"

သူမစကားဆုံးတော့ ဘေးမှအစေခံမလေးက ဆောင့်ဆောင့်အောင့်အောင့်ဒေါသသံနဲ့
"ကျွန်မ သခင်မနဲ့ အခြားကိုယ်လုပ်တော်တွေက ကိုယ်လုပ်တော်၀မ်ဆီ တကူးတကလာလည်ပေမယ့် ကိုယ်လုပ်တော်၀မ်က မကြိုဆိုတဲ့အပြင် ကျွန်မသခင်မနဲ့ အခြားကိုယ်လုပ်တော်တွေကို အပြင်မှာစောင့်နေခိုင်းတယ်...အဲ့လိုသာမစောင့်ရရင် ကျွန်မသခင်မလည်း နှလုံးအားနည်းတာ​ကြောင့် အခုလိုမေ့လဲမှာမဟုတ်ဘူး"

ထိုအစေခံမလေး စကားဆုံးခါနီးမှ ကျန်းချိုက်ဟွေ့က လှမ်းဆူတဲ့အသံနဲ့
"လျိုလီ တော်တော့"

အာဏာရှင်၏ကိုယ်လုပ်တော်အဖြစ်သို့ကူးပြောင်းလာခဲ့ခြင်း(မြန်မာဘာသာပြန်)Where stories live. Discover now