Chapter-{4.2}

5.9K 893 27
                                    

Unicode

သံသယများ

"အဲ့ဒါကသိသာနေတာပဲ မလား...သခင်လေးလက်ထပ်တဲ့ညက အိမ်ရှေ့စံမင်းသား ဒီ၀ါးရုံတောအဆောင်မှာနာရီပိုင်းလောက်နေသွားတယ်လေ....ဒီလိုမျိုး ဘယ်ကိုယ်လုပ်တော်ဆီမှမနေခဲ့ဖူးဘူးနော်"

၀မ်ချီတစ်ယောက် ကြက်သေသေသွားသည်။
ဖျင်အန်းက သံပူနေတုန်းပုံသွင်းသလိုလျင်မြန်စွာနဲ့ ၀မ်ချီနား၀င်လာအောင်
"ဒီရက်ပိုင်းတွေမှာ အရှင်မင်းမြတ်ကအရှေ့နန်းဆောင်ဆီ ကိုယ်လုပ်တော်တွေပိုပြီးပို့လာတယ်...ဒါပေမယ့် လာသမျှလူတိုင်းအရှင့်သားရဲ့အကြည့်တချက်တောင် မရကြဘူးလေ...သခင်လေး၀မ်တစ်ယောက်တည်းကသာ အရှင့်သားရဲ့စိတ်ကိုဖမ်းစားနိုင်ခဲ့တာ"

"ဟုတ်လို့လားဟ.."

"ကျွန်တော်မျိုး မလိမ်ရဲပါဘူး"
ဖျင်အန်းကခေါင်းငြိမ့်လိုက်ပြီး လက်၃ချောင်းထောင်ကာ
"ကျွန်တော်မျိုး သခင်လေး၀မ်ကိုလိမ်ညာခဲ့သည်ရှိသော် မိုးကြိုးပစ်ချခံရပါစေသား"

"နေ...နေ...မ..မလုပ်ပါနဲ့...ကျိန်ပြောစရာမလိုပါဘူး"
ဖျင်အန်းကနေ့တစ်၀က်လောက် ၀မ်ချီကိုနားချလိုက်တော့ ၀မ်ချီရဲ့မျက်နှာသေပေါ်မှာအတွေးများနေတဲ့ပုံပေါ်လာမှ ဖျင်အန်းတစ်ယောက်သက်ပြင်းချလိုက်ကာ ၀မ်ချီကိုသေချာစဥ်းစားဖို့ပြောပြီး အခန်းထဲမှထွက်လာလိုက်သည်။

၀မ်ချီကအိပ်ရာပေါ်မှာပြန်လဲချကာ တွေးနေသည်။
အိမ်ရှေ့စံနဲ့မူလကိုယ်က ၀တ္ထုရဲ့ဇာတ်ဆောင်တွေမဟုတ်သလို အရေးပါတဲ့ဇာတ်ပို့တွေတောင်မဟုတ်ပေ။
၀တ္ထုထဲမှာ မူလကိုယ်ရဲ့အခန်းကဏ္ဍကလည်းနည်းပါးသည်။
အရှေ့နန်းဆောင်ဆီမရောက်ခင် အမတ်ချုပ်အိမ်တော်တွင် ၀မ်လျန်နဲ့တအိမ်တည်းနေတယ်ဆိုတဲ့တစ်ခန်းလောက်သာရှိပြီး အရှေ့နန်းဆောင်ဆီရောက်တော့ သူပေါ်လာတဲ့အခန်းကဏ္ဍကလည်းအနဲငယ်သာရှိသည်။

၀မ်ချီလည်း ဇာတ်ကောင်တစ်ယောက်စီရဲ့အသေးစိတ်နောက်ကြောင်းတွေမသိပေ။
အိမ်ရှေ့စံ သူ့ကိုကောင်းကောင်းမွန်မွန်ဆက်ဆံရတဲ့တစ်ခုတည်းသောအကြောင်းအရင်းက သူနဲ့ဇာတ်လိုက်၀မ်လျန်နဲ့ အဖေတူအမေကွဲညီအကိုတွေ​ဖြစ်လို့ထင်ပါရဲ့...

အာဏာရှင်၏ကိုယ်လုပ်တော်အဖြစ်သို့ကူးပြောင်းလာခဲ့ခြင်း(မြန်မာဘာသာပြန်)Where stories live. Discover now