Chapter-{23.5}

3.6K 590 6
                                    

Unicode

ခရင်မ်

[၃-အပြစ်ပေးခြင်း]

ကံမကောင်းစွာပဲ ရော့ဖန်းနဲ့ရော့ထောင်တို့ ဆုလာဘ်ပစ္စည်းတွေထဲ အတော်ကြာတဲ့အထိရှာဖွေတာတောင် လက်ရေးလှစာလိပ်နဲ့ ပန်းချီကားလိပ်တွေကိုမတွေ့ပေ။
ထိုအစား စန္ဒကူးသေတ္တာလေးထဲမှာထည့်ထားတဲ့ ရွှေဖရဲသီးစေ့တွေကိုသာ တွေ့ကြသည်။

ရွှေဖရဲသီးစေ့တစ်စေ့က လက်သည်းခွံအရွယ်လောက်သာရှိပြီး ရွှေတိုရွှေစအရွယ်အစားဖြစ်ကာ နေရောင်ထိုးလိုက်တာနဲ့ သူတို့မျက်လုံးတွေကန်းတော့မတတ်ပင် တောက်ပမှုတွေဖြာထွက်နေသည်။

ရော့ထောင်က ထိုသေတ္တာဘူးလေးကို လက်၂ဖက်နဲ့သေချာကိုင်လိုက်ပြီး
"သခင်လေး၀မ် ကြွားချင်ရင် ဒီရွှေဖရဲသီးစေ့သေတ္တာယူသွားပါလားဟင်"

၀မ်ချီ-"...."
သူကြွားချင်တယ်ဆိုတာက ကျန်းချိုက်ဟွေ့ သူ့ကိုပန်းချီကားနဲ့လက်ရေးလှအကြောင်းပြောထားလို့လေ....
သူသာ ထိုရွှေဖရဲသီးစေ့သေတ္တာကိုသာ ယူသွားကြည့်ပါလားး...
ဒါက အလွန်တရာချဲ့ကားရာကျသွားမှာပေါ့....
တော်ကြာ ရန်သွားစနေသလိုတောင် အဓိပ္ပာယ်သက်ရောက်သွားလိမ့်မယ်...

သူ့ဒုက္ခသူမရှာချင်ပေ။
ဒါပေမယ့် သူက အိမ်ရှေ့စံကိုနေ့တိုင်းတွေ့ခွင့်ရရုံမကဘဲ အရှင်မင်းကြီးဆီကတောင် ဆုတော်လာဘ်တော်တွေ ချီးမြှင့်ခံရမှာတော့ အရှေ့နန်းဆောင်ရဲ့ပစ်မှတ်အကြီးကြီးဖြစ်နေပြီးသားပင်။

၀မ်ချီ တွေးနေရင်းသက်ပြင်းအသာချလိုက်သည်။
နောက်တော့လည်း ထိုရွှေဖရဲသီးစေ့သေတ္တာအား သေချာသိမ်းဆည်းထားရန် ရော့ထောင်အားပြောလိုက်သည်။
သူ ဒါတွေကိုရောင်းလို့လည်းမရ၊ပေးလို့လည်းမရမှတော့ အခန်းလွတ်ထဲမှာ အထိမ်းအမှတ်အနေနဲ့ ထားထားရုံသာရှိတော့သည်။

အရှင်မင်းကြီးက ၀မ်ချီကိုဆုချီးမြှင့်တဲ့အကြောင်း သတင်းပျံ့နှံ့သွားပြီးနောက် အရှေ့နန်းဆောင်မှလူတွေအကုန်ရှော့ရသွားကြသည်။
ထိုညတွင် အတော်ကြာအောင် ပျောက်ချက်သားကောင်းနေတဲ့ဖျင်အန်းရောက်လာပြီး ထိုသတင်းများသယ်လာကာ
"သခင်လေး၀မ် ဒီရက်တွေဂရုစိုက်နေမှ ဖြစ်မယ်နော်"

အာဏာရှင်၏ကိုယ်လုပ်တော်အဖြစ်သို့ကူးပြောင်းလာခဲ့ခြင်း(မြန်မာဘာသာပြန်)Where stories live. Discover now