Chapter-{23.6}

3.4K 573 6
                                    

Unicode

ခရင်မ်

[၃-အပြစ်ပေးခြင်း]

၀မ်ချီထိုစကားပြောပြီးနောက် ဖျင်အန်းကိုယ်အနဲငယ်တုန်ယင်သွားတာကို မြင်လိုက်သည်။
၀မ်ချီမျက်ခုံးပင့်လိုက်ပြီး ရှီးရယ်၏အေးတိအေးစက် မကျေမနပ်လေသံကိုတုပ၍
"ဘာလဲ...မင်းမလုပ်ချင်ဘူးလား"

"မ..မဟုတ်ပါဘူး...ကျွန်တော်မျိုးလုပ်ပါ့မယ်"
ဖျင်အန်းက ပျာပျာသလဲလေသံနဲ့
"ကျေးဇူးကြီးမြတ်လှပါတယ် သခင်လေး၀မ်"

၀မ်ချီက လက်ယမ်းလိုက်ကာ
"သွားတော့"

ဖျင်အန်းတစ်ယောက် ဖြူလျော်နေတဲ့မျက်နှာနဲ့ ဒူးထောက်နေရာမှထရပ်ကာ အခန်းထဲမှအလျင်အမြန်ထွက်သွားတော့သည်။
၀မ်ချီမျက်လုံးမှိတ်လိုက်ကာ ဖျင်အန်းအကြောင်းစတင်တွေးတောနေမိသည်။

ဖျင်အန်းက ရော့ထောင်တစ်ယောက်ထူးဆန်းတယ်ဆိုပြီး ၀မ်ချီအားပြောပြောနေပေမယ့် ၀မ်ချီ့အမြင်မှာတော့ ဖျင်အန်းကသာ ထူးဆန်းနေသည်။
ဖျင်အန်းက တစ်ဖက်မှာသူ့ကို အိမ်ရှေ့စံနဲ့အဆင်ပြေအောင်အကြံတွေပေးနေပေမယ့် တစ်ဖက်မှာတော့ သူ့ကိုအပေါ်ယံသာဂရုစိုက်သည်။

ဖျင်အန်းသာ ရော့ထောင်နဲ့ရော့ဖန်းလို သူ့ကိုတကယ့်သခင်အဖြစ်မှတ်ယူထားပါက သူ့ခွင့်ပြုချက်မတောင်းဘဲ အဆောင်မှထွက်ချင်သလိုထွက်သွားမည်မဟုတ်ပေ။
ဖျင်အန်းနဲ့ပတ်သက်ပြီး ၀မ်ချီရဲ့ယူဆချက်ကတော့ ဖျင်အန်းက အိမ်ရှေ့စံအရေးပေးတဲ့၀မ်ချီ့အနောက်ကိုလိုက်ကာ သက်တောင့်သက်သာဘ၀ကိုလိုချင်ပေမယ့် အခု၀မ်ချီ့အနေအထားက အိမ်ရှေ့စံနဲ့ရှေ့ဆက်မတိုးတော့တဲ့အတွက် ဖျင်အန်းတစ်ယောက် သူဖက်တွယ်ရမယ့် သခင်အသစ်ကိုလိုက်ရှာနေတာပဲ ဖြစ်ရမည်။

ဖျင်အန်းထွက်ပေါ်လာတဲ့အချိန်တိုင်းကို ၀မ်ချီသတိထားမိနေသည်။
ကျူးကုန်းကုန်း ၀ါးရုံတောအဆောင်ကိုလာတဲ့အချိန်တို့၊အိမ်ရှေ့စံ ရောက်လာတဲ့အချိန်တို့၊အိမ်ရှေ့စံချီးမြှင့်တဲ့ဆုတော်တွေ ရောက်တဲ့အချိန်တွေမှာ ဖျင်အန်းပေါ်လာတတ်သည်။

ဒီနေ့လည်း အရှင်မင်းကြီးချီးမြှင့်တဲ့ဆုတော်တွေရောက်တဲ့အချိန် ဖျင်အန်းပြန်ရောက်လာသည်။
အင်း...၀မ်ချီအနေနဲ့ကတော့ ဖျင်အန်းရဲ့မရိုးသားမှုအတွက်သာ အပြစ်တင်ရပေမည်။
၀မ်ချီ့နှလုံးသားတစ်ခုလုံး ဖျင်အန်းကြောင့် အပ်နဲ့ထိုးသလို တစစ်စစ်ခံစားနေရသည်။

အာဏာရှင်၏ကိုယ်လုပ်တော်အဖြစ်သို့ကူးပြောင်းလာခဲ့ခြင်း(မြန်မာဘာသာပြန်)Where stories live. Discover now