Chapter-{12.2}

5.4K 950 58
                                    

Unicode

အနှောင့်အယှက်တချို့

ဒါပေမယ့်လည်း တော်၀င်ပညာရှိသမီးကြီးရောက်လာတဲ့နေ့မှစပြီး အခြားလူတွေလည်း၀မ်ချီအဆောင်ကိုလာလည်ပေမယ့် ၀မ်ချီကတော့အားလုံးကိုမတွေ့ဘဲ ရှောင်နေသည်။
အချို့ကလည်း သစ်သီးတွေ၊မုန့်တွေ၊လက်ဖက်ရည်တွေကို လက်ဆောင်အဖြစ်၀ါးရုံတောအဆောင်ဆီပို့ပေးကြပေမယ့် ၀မ်ချီကတော့ရော့ဖန်းနဲ့ရော့ထောင်ကို ထိုအရာတွေအကုန်လုံးပြန်ပေးခိုင်းလိုက်သည်။

ပိုဆိုးတာကတော့ သူအိမ်ရှေ့စံ၏စာကြည့်ဆောင်ဆီသွားတဲ့လမ်းမှာ တားတဲ့သူတွေများလာခြင်းပင်။
သူတို့ထဲကတစ်ယောက်ကတော့ သိကျွမ်းနေတဲ့သူပင်ဖြစ်သည်။

၀မ်ချီ ယွဲ့ကွေ့ကိုတွေ့တော့ ယွဲ့ကွေ့ကလူအုပ်ကြီးရဲ့အနောက်နားမှာ မှုန်ကုပ်ကုပ်မျက်နှာနဲ့ရပ်နေကာ ကျန်တဲ့သူတွေကတော့ တက်ကြွတဲ့အမူအရာတွေနဲ့ ရေကန်မှာလှေသွားစီးဖို့ ၀မ်ချီအားတိုက်တွန်းနေကြသည်။

၀မ်ချီက မသွားချင်ဘဲငြင်းမလို့လုပ်ပေမယ့် ကံကောင်းစွာပဲ ကျူးကုန်းကုန်းကစူးရှတဲ့အသံနဲ့
"ဒီသခင်လေးတို့က ဘာကိုဆိုလိုတာလဲမသိဘူး...အခု သခင်လေး၀မ်ကအရှင့်သားကိုအဖော်ပြုဖို့သွားနေတာ မမြင်ကြဘူးလား...ဒါမှမဟုတ် အရှင့်သားရဲ့လူကိုအရှင့်သားဆီက ပထုတ်ချင်နေကြတာများလား"

ထိုစကားကိုကြားတော့ ယွဲ့ကွေ့အပါအ၀င် လူတအုပ်လုံးမျက်နှာတွေဖြူဖျော့သွားကြသည်။
ခဏအကြာ ကျူးကုန်းကုန်းက သူ့အသံကိုမြှင့်ကာ
"ဘယ်လိုတောင် သတ္တိကောင်းနေကြတာလဲ...အရှင့်သားကိုတောင် ဂရုမစိုက်ကြတဲ့သဘောလား...
ဒီနေ့တောင် အရှင့်သားအမိန့်ကိုမထီလေးစားလုပ်နေတာ...မနက်ဖြန်ကျရင် အရှင့်သားကိုတောင်ဖီဆန်ကြမယ့်သဘောပဲ"

ကျူးကုန်းကုန်းကထိုစကားပြောလိုက်တာနဲ့ အားလုံးကြောက်အားလန့်အားနဲ့ မြေပြင်ပေါ်ဒူးထောက်လိုက်ကြသည်။
အရှေ့ဆုံးမှလူအချို့က ယွဲ့ကွေ့ကိုမုန်းတီးတဲ့အကြည့်နဲ့တောင် လှည့်ကြည့်နေကြသည်။
သူတို့က သခင်လေး၀မ် ဒီလမ်းမှနေ့တိုင်းဖြတ်သွားတယ်ဆိုတဲ့ ယွဲ့ကွေ့ပြောတာကိုသာနားထောင်မိပြီး ထိုသခင်လေး၀မ်အနောက်မှာ အားကိုးရာကြီးအိမ်ရှေ့စံအရှင့်သားတစ်ယောက်လုံးရှိနေတာကိုတော့ မေ့သွားကြသည်။

အာဏာရှင်၏ကိုယ်လုပ်တော်အဖြစ်သို့ကူးပြောင်းလာခဲ့ခြင်း(မြန်မာဘာသာပြန်)Where stories live. Discover now