Chapter-{6.2}

5.8K 945 36
                                    

Unicode

နောက်ပြောင်ကျီစယ်ခြင်း

၀မ်ချီက သူ့လည်ပင်းကိုသူတိတ်တိတ်လေးထိလိုက်ပြီး ရှီးရယ်နောက်ကိုတွန့်ဆုတ်တွန့်ဆုတ်နဲ့လိုက်လာခဲ့သည်။
သူအခုစားလိုက်တဲ့လက်ဖက်ခြောက်ရွက်တွေမှာ အဆိပ်ရှိမရှိ ၀မ်ချီမသိပေ။
၀မ်ချီအဆိပ်မိသေမသေတော့မသိ၊လောလောဆယ်တော့ သူ့အတွေးနဲ့သူဆယ်ခါပြန်သေနေပြီ။

သူ့ရှေ့မှလျှောက်နေတဲ့ အစေခံမလေးမရပ်ခင်အထိ ၀မ်ချီတစ်ယောက် ရှီးရယ်သူ့ကိုသတ်နေတဲ့မြင်ကွင်းမျိုးစုံကို အတွေးထဲမြင်ယောင်နေသည်။
ဒီလိုခန့်မှန်းမရတဲ့စိတ်အခြေအနေနဲ့အိမ်ရှေ့စံကို သူတကယ်ကြောက်သည်။
အခုလည်း အိမ်ရှေ့စံသူ့ကိုခေါ်တဲ့အကြောင်းအရင်းက ကောင်းသောခေါ်ခြင်းမဖြစ်နိုင်ပေ။
၀မ်ချီအတွေးတွေရပ်သွားတော့မှ သူအခုရှီးရယ်၏စာကြည့်ခန်းဆီရောက်နေမှန်းသိလိုက်ရသည်။

စာကြည့်ခန်းတွင် စာရေးကိရိယာ၊စာလွှာတွေပြည့်နေတဲ့ စားပွဲကြီးရယ်၊သာမန်စားပွဲ ထိုင်ခုံနိမ့်တွေရယ်၊အနားယူရန် ခုံတန်းရှည်တစ်ခုရယ်နဲ့ ကြီးမားကျယ်၀န်းလှသည်။
၀မ်ချီကတော့မျက်လွှာလေးချကာ တိတ်တိတ််လေးသာရပ်နေလိုက်သည်။

ရှီးရယ် သူ့ကိုသတိမထားမိအောင် သူ့ကိုယ်သူကိုယ်ပျောက်လူသားလိုပြုမူနေတော့သည်။
သူ့ရဲ့ဆုတောင်းကို မိုးနတ်မင်းကြီးကြားသွားပုံရသည်။
အစေခံလေးက ရှီးရယ်၏၀ှီးချဲကို စားပွဲခုံနားသို့တွန်းသွားကာ ရှီးရယ်ကလည်း၀မ်ချီကိုအဖက်တောင်မလုပ်ပေ။

ရှီးရယ်က ၀ှီးချဲပေါ်တွင်မျက်လုံးမှိတ်ပြီး ကုန်းကုန်းကြီးဖတ်ပြနေတဲ့ အစီရင်ခံစာလွှာတွေကိုနားစိုက်ထောင်နေသည်။
ကုန်းကုန်းကြီးကတော့ စာလွှာကိုဖြေးဖြေးမှန်မှန်နဲ့သေချာဖတ်ပြနေသည်။

အခန်းထောင့်နားလေးမှာ အသံတစ်ချက်မှမထွက်ဘဲ မတ်တပ်ရပ်နေတဲ့၀မ်ချီ-.....

အဲ့ဒီလက်ဖက်ခြောက်တွေမှာ တကယ်အဆိပ်ခတ်ထားမထားဆိုတာ စတင်သံသယ၀င်လာသည်။
ရှီးရယ်က သူ့ကိုတမင်စနောက်နေတာများလားလို့တောင် ၀မ်ချီတွေးနေမိသည်။

အာဏာရှင်၏ကိုယ်လုပ်တော်အဖြစ်သို့ကူးပြောင်းလာခဲ့ခြင်း(မြန်မာဘာသာပြန်)Where stories live. Discover now