Description

26.4K 1.2K 28
                                    

Unicode

၀မ်ချီ အိပ်ရာကနိုးလာတော့ စာအုပ်တစ်အုပ်ထဲကူးပြောင်းသွားခဲ့သည်။
ထိုစာအုပ်ထဲမှာ အဓိကဇာတ်လိုက် ShouကSystemနဲ့ချိတ်ဆက်ထားပြီး Systemရဲ့အကူအညီနဲ့ နေမကောင်းချင်ယောင်ဆောင်ကာ ဒုက္ခိတဖြစ်နေတဲ့အိမ်ရှေ့စံမင်းသားနဲ့စေ့စပ်ကြောင်းလမ်းထားတာကို ဖျက်သိမ်းနိုင်ခဲ့သည်။ထို့နောက် မက်မွန်ပန်းပွဲတော်မှာ ဇာတ်လိုက်Shouက သူ့ရဲ့အရည်အချင်းတွေကိုထုတ်ဖော်ပြသခဲ့ပြီး စတုတ္ထမင်းသားကိုဆွဲဆောင်နိုင်ခဲ့သည်။

နောက်ဆုံးတော့လည်း အရာအားလုံးကအဆင်ပြေသွားပြီး ဇာတ်လိုက်Shouနဲ့စတုတ္ထမင်းသားတို့ နက်နက်ရှိုင်းရှိုင်းချစ်မိသွားကြသည်။
စတုတ္ထမင်းသားက ယခင်မင်းဆက်ဘုရင်များရဲ့စည်းမျဥ်းတွေကိုဆန့်ကျင်ပြီးဇာတ်လိုက်Shouကိုသာ ဧကရီနေရာတင်မြှောက်ခဲ့သည်။
ဒါပေမယ့်လည်း ၀မ်ချီက အမြှောက်စာဇာတ်ရံလေးဖြစ်တဲ့ဇာတ်လိုက်Shouရဲ့ညီအဖြစ်ကူးပြောင်းလာပြီး သူကဇာတ်လိုက်Shouအစားဒုက္ခိတအိမ်ရှေ့စံကိုလက်ထပ်ရမယ့်သူလည်းဖြစ်နေတယ်တဲ့လေ....

ကောလဟာလတွေအရတော့ ဒုက္ခိတအိမ်ရှေ့စံမှာလွန်ခဲ့တဲ့၅နှစ်က မီးလောင်ခံထားရပြီးမျက်နှာကမီးလောင်မှုကြောင့် ပျက်စီးသွားတဲ့အပြင်အောက်ပိုင်းလည်းသေသွားတယ်တဲ့...
သူက အရှေ့နန်းတော်မှာရှိတဲ့သူ့နန်းဆောင်ထဲမှာပဲ တံခါးပိတ်ပြီးနေနေတယ်တဲ့...
သူက အရမ်းလည်းဒေါသကြီးတဲ့သူတဲ့...

ဒါပေမယ့် ထိုဒုက္ခိတအိမ်ရှေ့စံကအင်ပါယာရဲ့အရှင်ဖြစ်လာမယ့်အပြင် သမိုင်းမှာအကျော်ကြားဆုံးအာဏာရှင်ကြီးဖြစ်လာမှာကို ၀မ်ချီသိတယ်လေ။
ကံမကောင်းတာကတော့ အိမ်ရှေ့စံကအုပ်ချုပ်ရေးမှာရက်စက်လွန်း၍ စတုတ္ထမင်းသားရဲ့သတ်ဖြတ်ခြင်းကိုခံခဲ့ရသည်။
သူ့လိုအမြှောက်စာဇာတ်ကောင်တောင်မှ လွတ်ငြိမ်းချမ်းသာရာမရဘဲ ဆိုး၀ါးစွာအဆုံးသတ်ခဲ့သည်။

၀မ်ချီကူးပြောင်းလာပြီးနောက် မင်္ဂလာဆောင်တဲ့နေ့မှာ ဒုက္ခိတအိမ်ရှေ့စံက ၀မ်ချီရဲ့မေးကိုပင့်မကာ နှာခေါင်းရှုံ့လိုက်ပြီး
"ကိုယ်တော့်ကိုအသုံးချပြီးအမြင့်တက်ချင်နေတဲ့ နောက်တစ်ယောက်လာပြန်ပြီ"
၀မ်ချီက စိတ်ထဲမှာတိတ်တခိုးငိုကြွေးနေရင်း
"မဟုတ်ပါဘူး...မဟုတ်ရပါဘူး...ကျွန်တော်မျိုးကသေမယ့်နေ့ကို ထိုင်စောင့်နေသူပါ"
ဒုက္ခိတအိမ်ရှေ့စံ-??????????
----------------------
Take care&Love you all ( ˘ ³˘)♥

Zawgyi


စတုတ္ထမင်းသားက ယခင်မင်းဆက်ဘုရင်များရဲ့စည်းမျဉ်းတှေကိုဆန့်ကျင်ပြီးဇာတ်လိုက်Shouကိုသာ ဧကရီနေရာတင်မြှောက်ခဲ့သည်။



ဒုက္ခိတအိမ်ရှေ့စံ-??????????
----------------------
Take care&Love you all ( ˘ ³˘)♥

အာဏာရှင်၏ကိုယ်လုပ်တော်အဖြစ်သို့ကူးပြောင်းလာခဲ့ခြင်း(မြန်မာဘာသာပြန်)Where stories live. Discover now