Chapter-{12.1}

5.4K 852 10
                                    

Unicode

အနှောင့်အယှက်တချို့

နောက်တနေ့ ၀မ်ချီမျက်လုံးဖွင့်လိုက်တော့ အိမ်ရှေ့စံ၏အိပ်ရာပေါ်မှာအိပ်နေမိတာကိုသိလိုက်ရသည်။
သူကြောက်ကြောက်လန့်လန့်နဲ့ တဖက်ကိုလိမ့်လိုက်မိတာကြောင့် အိပ်ရာပေါ်မှပြုတ်ကျသွားသည်။

အခန်းအပြင်မှ ကုန်းကုန်းလေးကအသံကြားလိုက်၍ အခန်းထဲကိုအလျင်အမြန်ပြေး၀င်လာသည်။
၀မ်ချီကုတင်ပေါ်မှလိမ့်ကျတာကိုမြင်တော့
"သခင်လေး၀မ် အဆင်ပြေရဲ့လား...ဘယ်လိုလုပ်ပြီး အိပ်ရာပေါ်ကလိမ့်ကျသွားတာလဲ"

၀မ်ချီကမူးနောက်နေပြီး ကုန်းကုန်းလေးကိုအမှီပြုကာမတ်တပ်ရပ်လိုက်ကာ
"အိမ်ရှေ့စံ ဘယ်မှာလဲ"

"အရှင့်သားက *ချင်ရှီ အချိန်ကတည်းက ထသွားပါတယ်...ကျွန်တော်မျိုးအထင် အရှင်မင်းမြတ်နဲ့သွားတွေ့တာလား မသိဘူး"

ကုန်းကုန်းလေးရဲ့အဆင့်အတန်းရာထူးက သိပ်မမြင့်တာကြောင့် အိမ်ရှေ့စံဘယ်သွားမှန်းမသိရတဲ့အပြင် အိမ်ရှေ့စံကိုတောင်တနေ့ကိုအကြိမ်အနဲငယ်ပဲ တွေ့ဖြစ်သည်။

ဒါပေမယ့် အိမ်ရှေ့စံရဲ့အိပ်ရာပေါ်မှာအိပ်ခွင့်ရတဲ့သခင်လေး၀မ်ကိုတော့ သူ့အနေနဲ့သေချာပြုစုရမည်ဖြစ်ကာ
"သခင်လေး၀မ် အနားယူလိုက်ပါဦး...ဒီအစေခံ သခင်လေးမျက်နှာသစ်ဖို့ ရေဇလုံသွားယူပြီး မနက်စာပါသွားပြင်လိုက်ပါဦးမယ်"

၀မ်ချီညက ဘယ်လိုဖြစ်ပြီးအိပ်မောကျသွားလဲဆိုတာ မသိလိုက်ပေ။
သူမျက်မှောင်ကျုံ့ကာစဥ်းစားကြည့်တော့ ညကအိမ်ရှေ့စံရဲ့ကုတင်ရှေ့မှာမတ်တပ်ရပ်ရင်း သမ်းလိုက်မိတယ်...
အိမ်ရှေ့စံကမအိပ်သေးတော့ ဒါကိုမြင်သွားပြီးအိပ်ရာပေါ်မှာထိုင်ခွင့်ပြုလိုက်တော့ သူလည်းထိုင်ချလိုက်တယ်....
ပြီးတော့ သူအိပ်ပျော်သွားတယ်...

၀မ်ချီတစ်ယောက် ပြင်းပြင်းထန်ထန်အမူအရာနဲ့နဖူးကိုဖျစ်ညစ်ထားသည်။
"သခင်လေး၀မ်"
ကုန်းကုန်းလေးက ၀မ်ချီအမူအရာကိုကြည့်ကာထိတ်လန့်နေပြီး
"သခင်လေး အဆင်ပြေရဲ့လား"

အာဏာရှင်၏ကိုယ်လုပ်တော်အဖြစ်သို့ကူးပြောင်းလာခဲ့ခြင်း(မြန်မာဘာသာပြန်)Tempat cerita menjadi hidup. Temukan sekarang