Chapter-{7.1}

5.5K 921 2
                                    

Unicode

ကိတ်မုန့်

၀မ်ချီအိပ်ရာနိုးလာတော့ တစ်ဖန်ပြန်လည်စဥ်းစစားရခက်နေပြန်သည်။
မနေ့က ရှီးရယ်သူ့ကို နောက်လည်းလာစား လို့သာပြောပြီး ဘယ်အချိန်လာပါဆိုတာမပြောခဲ့ပေ။
ဆိုတော့ ရှီးရယ်ဆီမှ လာဖို့ဆင့်ခေါ်တဲ့အမိန့်မရမချင်း ၀မ်ချီစောင့်နေရမည်ပင်။
၀မ်ချီတစ်နေ့လုံးစောင့်နေပေမယ့် ရှီးရယ်ဆီမှဘာသတင်း အမိန့်မှရောက်မလာပေ။

ညအမှောင်ထုစိုးမိုးလာချိန်မှ တစ်နေ့လုံးစိုးရိမ်ပူပန်နေတဲ့၀မ်ချီတစ်ယောက် သက်ပြင်းချနိုင်သွားသည်။
ညစာစားပြီးချိန်တွင်တော့ ရော့ထောင်ကလျင်မြန်စွာနဲ့ ၀မ်ချီအခန်းဆီပြေးလာသည်။
"သခင်လေး၀မ်"
ရော့ထောင်က ပျော်ရွှင်နေတဲ့အသံလေးနဲ့
"သခင်လေးပြောထားတာတွေ ကျွန်တော်မျိုးမပြင်ဆင်ပြီးပါပြီ"

ထိုအခါမှ သူရော့ထောင်ကို ထိုအရာတွေ ပြင်ဆင်ခိုင်းထားမှန်းသတိရလိုက်သည်။
ရှီးရယ်ကြောင့် သူရော့ထောင်ကိုမှာထားတာတွေတောင် မေ့သွားသည်လေ။
သူ ရော့ထောင်နဲ့ရော့ဖန်းကိုထိုပစ္စည်းအမယ်များအား အမြန်ယူလာခိုင်းလိုက်သည်။
တကယ်တော့ ၀မ်ချီကသစ်သီးခရင်မ်ကိတ်မုန့်လုပ်ဖို့ပြင်ဆင်နေခြင်းဖြစ်သည်။

မော်ဒန်ခေတ်မှာ ကိတ်မုန့်လုပ်ဖို့လွယ်လွယ်လေးပဲဆိုပေမယ့် ရှေးခေတ်မှာတော့အတော်လေးကရိကထများလှကာ ကိတ်မုန့်ဖုတ်တဲ့စက်တွေလည်းမရှိတာကြောင့် ၀မ်ချီလည်းကိတ်မုန့်ကိုရိုးရိုးရှင်းရှင်းသာလုပ်ဖို့ ဆုံးဖြတ်လိုက်သည်။

သူက ဖျင်အန်းကိုစာရွက်နဲ့စုတ်တံယူခိုင်းလိုက်ကာ ခရင်မ်လုပ်ဖို့လိုတဲ့ပစ္စည်းတွေရယ် ကိတ်မုန့်သားလုပ်ဖို့ပစ္စည်းတွေရယ်ကို ချရေးလိုက်သည်။
၀မ်ချီက တရုတ်စာလုံးရိုးရိုးရှင်းရှင်းချရေးလိုက်ပေမယ့် ရော့ထောင်နဲ့ရော့ဖန်းကတော့ အချို့စာလုံးတွေကိုကြည့်ကာ ခေါင်းကုတ်နေသည်။

နောက်ဆုံးတော့ ၀မ်ချီကပစ္စည်းအမယ်တွေကိုပါးစပ်မှပြောကာရော့ထောင်ကိုချရေးခိုင်းလိုက်သည်။
လက်ရှိက ကိတ်မုန့်သားလုပ်ရလွယ်ပေမယ့် ခက်နေတာက ခရင်မ်လုပ်နည်းဖြစ်သည်။
၀မ်ချီက ခရင်မ်လုပ်နည်းအမျိုးမျိုးတွေးကြည့်ပေမယ့် နောက်ဆုံးတော့လည်း အခြေခံအကျဆုံးနည်းကိုသာသုံးဖို့ဆုံးဖြတ်လိုက်သည်။

အာဏာရှင်၏ကိုယ်လုပ်တော်အဖြစ်သို့ကူးပြောင်းလာခဲ့ခြင်း(မြန်မာဘာသာပြန်)Where stories live. Discover now