Chapter-{5.2}

5.8K 924 42
                                    

Unicode

လူသတ်လိုက်ပြီ

"သခင်လေး၀မ်"
ယွဲ့ရှန်းက မြေကြီးပေါ်တွင် ပလွန့်ခနဲဒူးထောက်ချလိုက်သည်။
သူမက ၀မ်ချီရဲ့၀တ်ရုံအစကိုတောင် ဆွဲကိုင်တော့မတတ်ဖြစ်နေကာ
"သခင်လေး၀မ် ကျွန်မကိုကူညီပါဦး...ကျွန်မ ကူရာမဲ့နေလို့ပါ...ဘယ်သူ့ကိုသွားပြောရမယ်ဆိုတာလည်းမသိဘူး...."

၀မ်ချီက ယွဲ့ရှန်းရဲ့ရုတ်တရက်ဆန်လှတဲ့အပြုအမူကြောင့် ​မှင်သက်သွားပြီး အနောက်ကိုဆုတ်ချင်ပေမယ့် ယွဲ့ရှန်းကသူ့၀တ်ရုံအစကိုဆွဲထားသည်။
၀မ်ချီက လက်ထဲမှလပ်ဖက်ခြောက်သေတ္တာလေးကိုကိုင်ထားပြီး ထိတ်လန့်နေတဲ့အမူအရာနဲ့
"ယွဲ့ရှန်း အဲ့လိုမလုပ်ပါနဲ့...ထပါဦး"

"သခင်လေး၀မ် အိမ်ရှေ့စံမင်းသားကိုအကြောင်းကြားပေးလို့ရမလားဟင်...ကျွန်မမှာ အားကိုးစရာဆိုလို့ သခင်လေး၀မ်ပဲရှိပါတယ်"
ယွဲ့ရှန်းရဲ့မျက်နှာက မျက်ရည်တွေနဲ့သနားစရာကောင်းလှတာကြောင့် ၀မ်ချီရှုပ်ထွေးသွားပြီး
"ဘယ်လို..."

"ဒီအရှေ့နန်းဆောင်တစ်ခုလုံးမှာ သခင်လေး၀မ်တစ်ယောက်ပဲ အများနဲ့မတူ ထူးခြားတဲ့သူပါ...အရင်ကတည်းက အရှေ့နန်းဆောင်ကိုခစားဖို့ကိုယ်လုပ်တော်တွေအများကြီးရှိပေမယ့် အရှင့်သားက ၀ါးရုံတောအဆောင်မှာပဲနေခဲ့ဖူးတာလေ...ကျွန်မတို့လို အရှင့်သားကိုတစ်ခါလောက်ပဲမြင်ဖူးချင်တဲ့သူတွေအတွက်တော့ အဲ့လိုအခွင့်အရေးက နတ်ပြည်တက်ခွင့်ရသလိုရှားပါတယ်"
ယွဲ့ရှန်းကငိုယိုနေရင်း
"ကျွန်မတစ်ဘ၀လုံး အရှင့်သားကိုမမြင်ဖူးဘဲနဲ့ အပယ်ခံတစ်ယောက်လို မကုန်ဆုံးချင်ဘူး"

၀မ်ချီကနားထောင်နေရင်း တစ်ခုခုကိုသိသွားသလိုမျိုး ယွဲ့ရှန်းရဲ့အနောက်ကိုကြည့်လိုက်သည်။
ယွဲ့ရှန်းက ပတ်၀န်းကျင်ကိုမေ့ပျောက်နေသလိုမျိုး စကားတွေတောက်လျှောက်ပြောနေကာ
"ကျွန်မ အရှင့်သားကိုလက်ထပ်ရတော့မယ်လို့ သိလိုက်ရတဲ့နေ့ကတည်းက အရှင့်သားကိုကျွန်မရဲ့ခင်ပွန်းအဖြစ်သတ်မှတ်ထားပြီးသားပါ...ကျွန်မအခုထိ အရှင့်သားနဲ့မဆုံရသေးပေမယ့် သူ့သတင်းတွေကြားရတာနဲ့တင် ကျွန်မရဲ့နှလုံးသားကိုဖြေသိမ့်ရာရောက်နေပါပြီ"

အာဏာရှင်၏ကိုယ်လုပ်တော်အဖြစ်သို့ကူးပြောင်းလာခဲ့ခြင်း(မြန်မာဘာသာပြန်)Where stories live. Discover now