Chapter-{4.1}

6.1K 944 27
                                    

Unicode

သံသယများ

၀မ်ချီကအံ့သြသွားပေမယ့် ခဏအကြာတော့ပြန်တည်ငြိမ်သွားကာ နှာခေါင်းရှုံ့လိုက်ပြီးအိပ်ရာပေါ်အေးအေးဆေးဆေးပြန်လဲချလိုက်သည်။
အခုက နွေဦးရာသီဖြစ်တာကြောင့်လေပြေလေညင်းတွေတိုက်ခတ်နေပြီး ပွင့်သစ်စပန်းလေးတွေတောင်ယိမ်းနွဲ့နေပြီ။

ဖျင်အန်းကခေါင်းငုံ့ထားပြီး အကြာကြီးစောင့်နေပေမယ့် ၀မ်ချီကအသံတောင်မလှုပ်ပေ။
"သခင်လေး၀မ်"
ဖျင်အန်းကအရဲစွန့်ကာခေါင်းအနဲငယ်မော့ပြီး ခန်းဆီးနောက်ကိုခိုးကြည့်လိုက်သည်။
၀မ်ချီကပါးစပ်အနဲငယ်ဟကာ မျက်လုံးတွေပိတ်ပြီးနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသည်။

ဖျင်အန်း-"...."
သူ ၀မ်ချီကိုအနှောင့်အယှက်မပေးရဲတော့ဘဲ ဒူးထောက်ရာမှထကာ တိတ်တိတ်လေးအခန်းထဲမှပြန်ထွက်သွားသည်။
နေ့လည်ခင်းရောက်တော့ ရော့ထောင်က မီးဖိုချောင်ထဲတွင်ချက်ပြုတ်နေသည်။
၀မ်ချီကအိပ်ရာမှထလာပြီး အ၀တ်အစားတွေသေချာ၀တ်ဆင်ကာ မီးဖိုချောင်ဆီထွက်လာခဲ့သည်။

ရော့ထောင်ချက်ပြုတ်နေရာမှ အနောက်လှည့်လိုက်ချိန် ၀မ်ချီကိုတွေ့သွားတော့သူမအရမ်းလန့်သွားပြီး မြေကြီးပေါ်ကိုဖင်ထိုင်ရက်လေးကျသွားသည်။
ရော့ထောင်ကတုန်ယင်နေပြီးဒူးထောက်လိုက်ကာ ကြောင်လေးတစ်ကောင်လိုအသံနဲ့
"သ သခင်လေး အခန်းပြန်ပြီးအနားယူနှင့်ပါ...ကျွန်တော်မျိုးမ စားစရာတွေယူလာပေးပါ့မယ်"

၀မ်ချီကတော့ သူမရဲ့ဒုန်းခနဲတောင်မြည်သွားတဲ့ဒူးထောက်သံကြောင့် ကြားရတဲ့သူတောင်နာကျင်သွားသလိုခံစားလိုက်ရသည်။
၀မ်ချီက
"ထတော့...နောက်နောင်ဘယ်တော့မှ ငါ့ရှေ့မှာဒူးမထောက်နဲ့"
ရော့ထောင်က အမြန်ထရပ်ကာခေါင်းငုံ့ထားပြီး
"ကျွန်တော်မျိုးမ သေချာမှတ်ထားပါ့မယ်"
၀မ်ချီကဆက်လက်ပြီး
"အာ ငါ့ကိုအရေးမစိုက်ဘဲ လုပ်စရာရှိတာဆက်လုပ်လေ"

ရော့ထောင်ကပြန်ဖြေပြီး တဖက်လှည့်ကာဆက်လက်ချက်ပြုတ်နေသည်။
၀မ်ချီကသူမနောက်မှာရှိနေတာကြောင့် သူမရဲ့အမူအရာတွေကတော့အနဲငယ်တောင့်တင်းနေသည်။
၀မ်ချီကတော့ ဒီကိုညွှန်ကြားဖို့လာတာမဟုတ်တဲ့အတွက် ရော့ထောင်ချက်ပြုတ်နေတုန်းသူလည်းမီးဖိုချောင်ထဲ ဟိုဟိုဒီဒီစပ်စုကြည့်လိုက်သည်။

အာဏာရှင်၏ကိုယ်လုပ်တော်အဖြစ်သို့ကူးပြောင်းလာခဲ့ခြင်း(မြန်မာဘာသာပြန်)Nơi câu chuyện tồn tại. Hãy khám phá bây giờ