Chapter-{7.2}

5.6K 956 17
                                    

Unicode

ကိတ်မုန့်

၀မ်ချီခဏကြောင်သွားပြီးမှ ကျူးကုန်းကုန်းဆိုတာ ရှီးရယ်ဘေးမှကုန်းကုန်းကြီးဆိုတာသိသွားသည်။
သူလုပ်လက်စပစ္စည်းတွေကိုချကာ လျင်မြန်စွာသွားလိုက်သည်။
ကျူးကုန်းကုန်းက ခြံ၀င်းထဲမှာအေးတိအေးစက်အမူအရာနဲ့ရပ်နေကာ သူ့အနောက်မှအစေခံမိန်းကလေး၂ယောက်ကတော့ ခေါင်းတွေငုံ့ထားကြသည်။

၀မ်ချီကိုမြင်တော့ ကျူးကုန်းကုန်းကအနဲငယ်နိမ့်ချရိုကျိုးတဲ့လေသံနဲ့
"သခင်လေး၀မ် အရှင့်သားအမိန့်အရ သခင်လေးကို ဒီအစေခံကလာခေါ်တာပါ"
၀မ်ချီတစ်ယောက် နှလုံးတွေဆောင့်ခုန်သွားပြီးအတွေးထဲမှာတော့- ငါ တော့ သေ ပြီ.....

ထို့နောက် ကျူးကုန်းကုန်းနောက်မှလေးလံနေတဲ့ခြေလှမ်းတွေနဲ့ အိမ်ရှေ့စံ၏စာကြည့်ခန်းဆီလိုက်လာခဲ့သည်။
သူစာကြည့်ခန်းဆီရောက်တော့ စာကြည့်ခန်းရှေ့နားလေးမှာပိန်ပိန်ပါးပါးပုံရိပ်တစ်ခု ဒူးထောက်နေတာကိုမြင်လိုက်ရသည်။

သူ စာကြည့်ခန်းနဲ့နီးလာလေ ထိုဒူးထောက်နေတဲ့လူက အသက်၂၀လောက်တောင်မရှိသေးတဲ့လူငယ်လေးတစ်ယောက်ဆိုတာ ထင်ရှားလာလေဖြစ်သည်။
ထိုလူငယ်လေးကမြေပြင်ပေါ်သို့စိုက်ကြည့်နေကာ သူ့ရဲ့မျက်နှာအမူအရာကိုမတွေ့ရတာကြောင့် ၀မ်ချီသိချင်စိတ်တွေများလာသည်။

၀မ်ချီ ထိုလူငယ်ဘေးမှဖြတ်သွားတော့ အံကြိတ်ထားတာကြောင့် ထင်းနေတဲ့မေးရိုးကိုသာတွေ့ရသည်။
၀မ်ချီအကြည့်လွှဲတော့မယ့်အချိန် လူငယ်လေးကရုတ်တရက်ခေါင်းမော့ကာ သူ့ကိုတည့်တည့်ကြီးစိုက်ကြည့်လာသည်။

မျက်လုံး၂စုံဆုံသွားတော့ ထိုလူငယ်လေးရဲ့မျက်၀န်းတွေဆီမှ အံ့သြမှုတွေရယ် မနာလိုမှုအရိပ်အယောင်တွေရယ်ကို ၀မ်ချီခံစားမိလိုက်သည်။
"ကျူးကုန်းကုန်း သူကဘယ်သူလဲ"

လူငယ်က ကျက်သရေရှိတဲ့မျက်နှာလေးနဲ့ မျက်ခုံး၂ခုကြားမှမှည့်နီလေးကရဲရဲတောက်နေသည်။
သူက၀မ်ချီကိုဒေါသတကြီးနဲ့ လက်ညှိုးထိုးလိုက်ကာ
"သူကကျ ဘာလို့အရှင့်သားနဲ့တွေ့ခွင့်ရတာလဲ...ငါ့ကိုတော့ ဘာလို့၀င်ခွင့်မပေးတာလဲ"

အာဏာရှင်၏ကိုယ်လုပ်တော်အဖြစ်သို့ကူးပြောင်းလာခဲ့ခြင်း(မြန်မာဘာသာပြန်)Where stories live. Discover now