Chapter-{10.1}

5.4K 941 13
                                    

Unicode

ရှော့ခ်ရခြင်း

၀မ်ချီရဲ့စကားအနဲငယ်က အမတ်တွေရဲ့ပါးစပ်တွေကိုပိတ်သွားစေသည်။
စာကြည့်ခန်းက အရင်လိုတစ်ဖန်ပြန်လည်တိတ်ဆိတ်သွားပြန်သည်။

၀မ်ချီက အမတ်တွေရဲ့မျက်နှာကိုကြည့်ပြီးမှ အနဲငယ်ရှက်ရွံ့မိသွားသည်။
သူက အမတ်တွေရဲ့ဆွေးနွေးမှုကိုနှောင့်ယှက်မိသလိုဖြစ်သွားမှန်း သိလိုက်ကာ ပခုံးလေးကျုံ့ပြီးပါးစပ်လေးပိတ်ထားလိုက်သည်။

ခဏအကြာမှာတော့ အမတ်တစ်ယောက်ကဦးညွှတ်လိုက်ပြီး
"အရှင့်သား ကျွန်တော်မျိုးအထင် ဒီကျိုင်းကောင်ပြဿနာကို ကိုင်တွယ်ဖို့မခက်ခဲလောက်ပါဘူး...လွန်ခဲ့တဲ့နှစ်တွေက ဘဏ္ဍာငွေတွေနဲ့ အရင်းအမြစ်တွေအများကြီးအသုံးပြုခဲ့ပေမယ့် ဖွံ့ဖြိုးမှုကအင်မတန်နည်းပါတယ်....အခုတော့ ဒီပြဿနာကြီးကစတုတ္ထမင်းသားဘက်က အမတ်တွေလက်ထဲရောက်သွားပါပြီ....စတုတ္ထမင်းသားက ဘယ်လိုပဲအရည်အချင်းရှိတဲ့အမတ်တွေခန့်ထားခန့်ထား ဒီပြဿနာကြီးက တစ်ညတည်းနဲ့ဖြေရှင်းလို့ရတာ မဟုတ်ပါဘူး....ကျွန်တော်မျိုးအထင် ၅နှစ်လောက်အချိန်ယူရမယ်လို့ထင်ပါတယ်....ကျွန်တော်မျိုးတို့သာ ဒီပြဿနာကြီးကိုအသုံးမချခဲ့ရင် ကျွန်တော်မျိုးတို့ဘက်ကသာ ဆုံးရှုံးမှုဖြစ်လာပါလိမ့်မယ်"

အမတ်က စိတ်အားထက်သန်စွာနဲ့အကြံပေးနေပေမယ့် အိမ်ရှေ့စံကတော့ပျင်းရိနေတဲ့ပုံစံနဲ့ မေးထောက်နေကာ အမတ်ရဲ့စကားကိုကြားလား မကြားလားတော့မသိပေ။
အမတ်က သူပြောလို့ပြီးတာနဲ့ မျက်လွှာချကာခေါင်းငုံ့လိုက်သည်။
ကျန်အမတ်၂ယောက်ကလည်း အိမ်ရှေ့စံ၏အဖြေကိုစောင့်ဆိုင်းနေသည်။

၀မ်ချီကတော့ ဘေးမှာရပ်နေတဲ့ကျူးကုန်းကုန်းလို အသက်ကိုတောင်ခပ်ဖျော့ဖျော့ရှူကာ သူ့ကိုသတိမထားမိအောင် ကိုယ်ယောင်ဖျောက်နေသည်။
အခုတော့ ၀တ္ထုထဲကရှီးရယ် ဘာလို့လူသတ်ရ ၀ါသနာပါတာလဲဆိုတာ သိပြီထင်တယ်...
ဒီလိုအမတ်တွေကို ဘယ်လက်ရုံး ညာလက်ရုံးအနေနဲ့ထားမှတော့ ရှီးရယ်တစ်ယောက်ကြမ်းကြုတ်ရက်စက်မှုနွံထဲက ရုန်းမထွက်နိုင်တာ မဆန်းပေ.....

အာဏာရှင်၏ကိုယ်လုပ်တော်အဖြစ်သို့ကူးပြောင်းလာခဲ့ခြင်း(မြန်မာဘာသာပြန်)Where stories live. Discover now