Chapter-{3}

6.8K 954 39
                                    

Unicode

ကြင်စဦးမောင်နှံ

မင်္ဂလာဝေါယာဥ်က ရှေ့နောက်ယိမ်းထိုးနေတာကြောင့် ၀မ်ချီခမျာခေါင်းတွေပါမူးလာသည်။
သူအရှေ့နန်းဆောင်ကိုရောက်တော့ အိပ်ပျော်ပြီးတရေးတောင်နိုးလာပြီဖြစ်သည်။
အောင်သွယ်တော်က ၀မ်ချီကိုဝေါယာဥ်ပေါ်မှဆင်းရန် ကူညီပေးလိုက်သည်။
၀မ်ချီခေါင်းမှာပု၀ါနီခြုံထားပေမယ့် သူ့ဘေးမှလိုက်ပါလာသူတွေရဲ့လက်ထဲမှာကိုင်ထားတဲ့ မီးအိမ်တွေကြောင့် ညဘက်ရောက်နေပြီဆိုတာသိလိုက်ရသည်။

အားလုံးက အသံတစ်သံမှမထွက်ဘဲတိတ်ဆိတ်နေကာ ၀မ်ချီဘေးမှအောင်သွယ်တော်တောင် တစ်ခုခုကိုနှောင့်ယှက်မိမှာစိုး၍ အသက်ကိုခပ်ဖျော့ဖျော့သာရှူနေသည်။
ဖြတ်လမ်းတွေကြားမှသွားပြီး နောက်ဆုံးတော့မင်္ဂလာအိမ်ခန်းဆီရောက်ကာ အောင်သွယ်တော်က ၀မ်ချီကိုမင်္ဂလာအိပ်ရာပေါ်မှာထိုင်ခိုင်းလိုက်သည်။

၀မ်ချီက သက်ပြင်းခိုးချလိုက်ပြီး သူ့ရဲ့နာကျင်နေတဲ့ခြေထောက်တွေကိုပွတ်ဖို့လုပ်ပေမယ့် အောင်သွယ်တော်ကခုထိရှိနေသေးလို့ ဒီတိုင်းမတ်မတ်သာထိုင်နေရသည်။
သူမှတ်မိသလောက် ရှေးခေတ်ဒရမ်မာဇာတ်ကားတွေထဲမှာ မိန်းကလေးတွေမင်္ဂလာဆောင်တဲ့နေ့ မင်္ဂလာကုတင်ဆီရောက်ရင် အောင်သွယ်တော်တွေကပြုံးပြုံးရွှင်ရွှင်နဲ့ ဆုမွန်တောင်းစကားတွေတသီကြီးပြောလေ့ရှိကြတာကို အခုသူ့အောင်သွယ်တော်ကကျတော့ဘာလို့တိတ်ဆိတ်နေရတာလဲ။

ပြီးတော့....အိမ်ရှေ့စံကရော ဘယ်မှာတုန်း...
ငါတစ်ယောက်တည်းမင်္ဂလာဆောင်နေရတာလားဟ....

ထိုသို့တွေးမိတော့ ၀မ်ချီတစ်ယောက်သူကံကောင်းနေတယ်လို့ ယူဆလိုက်သည်။
အိမ်ရှေ့စံက သူ့ဆီမလာလေ ကောင်းလေပဲ....
တသက်လုံးပေါ်မလာရင် ပိုကောင်းတယ်...

၀မ်ချီက ကုတင်ပေါ်မှာကျောက်ရုပ်လိုငုတ်တုတ်ကြီးထိုင်နေတဲ့အချိန် အောင်သွယ်တော်ကလည်းဘေးမှာကျောက်ရုပ်လိုမတ်တပ်ကြီးရပ်နေသည်။
ခဏကြာတော့ အောင်သွယ်တော်ကတစ်စုံတစ်ရာကိုနားလည်လိုက်ပြီး
"အချိန်တောင်နောက်ကျနေပြီ...အိမ်ရှေ့စံကအရမ်းအလုပ်ရှုပ်နေပုံရတယ်...သခင်လေး၀မ် အိမ်ရှေ့စံကိုမစောင့်တော့ဘဲ စောစောအနားယူပါ"

အာဏာရှင်၏ကိုယ်လုပ်တော်အဖြစ်သို့ကူးပြောင်းလာခဲ့ခြင်း(မြန်မာဘာသာပြန်)Where stories live. Discover now