Chapter-{8.1}

5.4K 939 11
                                    

Unicode

အ၀တ်တွေချွတ်လိုက်

ရှီးရယ်ပြောလိုက်တဲ့စကားကြောင့် ၀မ်ချီကြောင်အသွားသည်။
သူကဘယ်လိုသိမှာလဲဟ...
ရှီးရယ်ကိုယ်ပေါ်မှာ ခြေရာခံစက်တပ်ထားတာလည်းမဟုတ်...
ဒင်းကအရွယ်ရောက်နေတဲ့လူပဲဟာ...သွားချင်တဲ့နေရာ သွားမှာပေါ့...

ဒါကတော့ ကျွန်ုပ်တို့၀မ်ချီစိတ်ထဲမှာပဲပြောရဲတဲ့စကားတွေပါ...
သူ့ကို သတ္တိပေါင်း၁၀၀လောက်ပေးရင်တောင် ရှီးရယ်ကိုထိုစကားတွေထုတ်မပြောရဲပါဘူး...

၀မ်ချီကခေါင်းငုံ့လိုက်ပြီး ကြောက်ရွံ့နေတဲ့လေသံနဲ့
"ကျွန်တော်မျိုး မသိပါဘူး"

"ကိုယ်တော် ဒီရက်ပိုင်းမှူးမတ်တွေနဲ့သွားတွေ့နေတာ"

ရှီးရယ်က ၀မ်ချီနားထောင်ချင်သည်ဖြစ်စေ၊နားမထောင်ချင်သည်ဖြစ်စေ စိတ်လှုပ်ရှားနေတဲ့အသံနဲ့အေးစက်စက်ရယ်လိုက်ကာ
"အဲ့မှူးမတ်အိုကြီးတွေက ကိုယ်တော့်ကိုချနင်းချင်နေကြတာလေ...ဒါမှ ကိုယ်တော့်ရဲ့ညီတော် စတုတ္တမင်းသားကိုနန်းတင်လို့ရမှာကိုး...မင်းပြောစမ်းပါဦး စတုတ္ထမင်းသားကဘာတွေအဲ့လောက်ကောင်းနေလို့လဲ...ဒါမှမဟုတ် ကိုယ်လုပ်တော်တွေရဲ့ကျောထောက်နောက်ခံဖြစ်တဲ့ ကျန့်အိမ်တော်ဆီက အကျိုးအမြတ်ဘယ်လောက်တောင်ရနေလို့ အဲ့မြည်းအိုကြီးက မီးလောင်ရာလေပင့်လုပ်ရဲတာလဲ...ငတုံးတသိုက်ပဲ"

၀မ်ချီ - "....."

အိမ်ရှေ့စံက အဲ့လိုစကားတွေကိုပေါ်တင်ပြောရဲလိမ့်မယ်လို့ ၀မ်ချီမထင်ထားပေ။
လက်ရှိဘုရင်မင်းမြတ်သာ သူ့သားကသူ့ကို မြည်းအိုကြီးလို့ခေါ်တာသိသွားခဲ့ရင် ဘယ်လိုခံစားသွားမလဲဆိုတာ သိချင်မိပါရဲ့။

ရှီးရယ်ပြောတဲ့ သူ့ညီတော် စတုတ္ထမင်းသားရှီးကျင်းဆိုသည်မှာ ဒီ၀တ္ထုရဲ့အဓိကဇာတ်လိုက်ပင်။
ထိုအကြောင်းအရာကိုတွေးမိပြီး ၀မ်ချီသက်ပြင်းချလိုက်သည်။
အိမ်ရှေ့စံက ၀တ္ထုရဲ့ဗီလိန်ဖြစ်ထိုက်ပါပေသည်။
အမြဲတမ်းဇာတ်လိုက်နဲ့အတိုက်အခံတွေလုပ်တဲ့အပြင် ကိုယ့်သေတွင်းကိုယ်တူးလိုက် ရူးမိုက်တဲ့အပြုအမူတွေလုပ်လိုက်နဲ့....

အာဏာရှင်၏ကိုယ်လုပ်တော်အဖြစ်သို့ကူးပြောင်းလာခဲ့ခြင်း(မြန်မာဘာသာပြန်)Where stories live. Discover now